ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လုပ်ငန်းကုမ္ပဏီ အများစုသည် လုပ်ငန်းခွင်ပြန်လည်စတင်ရာ ကူမင်းမြို့သည် တရုတ်နှစ်သစ်ကူးပွဲတော်ပြီးနောက် ပထမဆုံးသော နံနက်ခင်းရုံးတက်ရှုပ်ထွေးချိန်မြင်ကွင်း စတင်ခဲ့ပါသည်။
အေးချမ်းသော မိုးရေသည် နွေဦးရာသီတွင် ရွာသင့်ချိန်ကိုက် ရွာကျလာပါသည်။ မြို့ထဲတွင် အသွားအလာများလာပြီး နွေဦးမြို့တွင် မိုးတဖွဲဖွဲ ရွာနေပါသည်။ ဤသို့သော စည်းကားရှုပ်ထွေးသော မြင်ကွင်းကို မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။
မိုးရွာပြီး စိုစွတ်နေသော လမ်းမ၌ ကားနှင့် လူ များပြားနေသော်လည်း ယာဉ်ကြောပိတ်ဆို့မှု မရှိပေ။ လမ်းဆုံတိုင်းတွင် ယဉ်ထိန်းရဲများသည် သွားလာနေသော ကားများကို အချက်ပြညွန်ကြားနေပါသည်။ မော်တော်ဆိုင်ကယ်ရဲများသည် နွေဦးမြို့ထဲ ပတ်စီးနေကာ အလုပ်ခွင်သွားလာနေသူများ အဆင်ပြေစွာ သွားလာနိုင်ရန် လုံခြုံမှုပေးနေကြသည်။
သတင်းထောက် ။ ။ ကျောင့်လီဟောင့်၊ လီရှင်းချန်၊ ဟယ့်ခိုင် (ယူနန်ကွန်ရက်)