ယူနန်ပြည်နယ်မှ တတိယအသုတ် ဆေးဘက်ဆိုင်ရာအဖွဲ့သည် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန် ကူမင်းမှ ဟူပေပြည်နယ် ရှန်နင်မြို့သို့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထွက်ခွာသွားကြောင်း သတင်းအရ သိရပါသည်။ အဆိုပါ ဆေးဘက်ဆိုင်ရာအဖွဲ့တွင် ကူမင်းမြို့ ရန်အန်းဆေးရုံမှ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၂ ဦးပါဝင်ပြီး ဆရာဝန် ၅ ဦးနှင့် သူနာပြု ၇ ဦးပါရှိကြောင်း သိရပါသည်။