ကျောင့်ရှန်ရှန်။ ။လာမည့်နွေဦးရာသီတွင် ဝူဟန့်ကို ပြန်လည်လာရောက်လည်ပတ်ကာ ဝူဟန့်အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှာ ထပ်မံတွေ့ဆုံကြမယ်။ အပေါင်းအဖော်များနှင့် မကြာခင်မှာ ဆုံတွေ့ကြပါစို့။
မနေ့က သူတို့သည် အနားယူအပန်းဖြေနေပြီး သဲသောင်ပြင်တွင် လမ်းလျှောက်နေခြင်း၊ ပန်းပင်လယ်တွင် အလှရှုစားနေခြင်း၊ ဇရပ်တွင် အပန်းဖြေအနားယူနေခြင်း၊ တရုတ်ရိုးရာဝတ်စုံ ဝတ်ဆင်နေခြင်းအစရှိသဖြင့် ဆောင်ရွက်နေပြီး ပျော်ရွှင်မှုများနှင့်စိမ်အေးချမ်းမှုကို ခံစားနေကြပါသည်။ ဒီနေ့မှာတော့ သူတို့သည် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်များကို ကုသကယ်ဆယ်ရန် ဖန်ချန်းဆေးရုံတွင် ရောဂါများနှင့်တိုက်ပွဲဆင်နွှဲနေကြသည်။ ပေါ့ပါးသွက်သက်သည့်အဝတ်အစားကို ချွတ်ကာ ရောဂါကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ထားရာ သူတို့မည်သူဆိုသည်ကို ရှင်းရှင်းလင်းလင်းမမြင်ရပါ။ ကင်မရာမှန်ဘီလူးရိုက်ကွင်းအောက်မှာ သူတို့၏ ကြိုးပမ်းအားထုတ်နေသည့် မြင်ကွင်းကို မှတ်တမ်းတင်ထားပါသည်။ လုပ်ငန်းခွင်တွင် ဟာသနှောတတ်ခြင်းနှင့်အတူ သူတို့သည် ဇွဲလုံ့လနှင့်တည်ငြိမ်ခြင်းတို့ဖြင့် ကြိုးစားနေကြသည်မှာ အကောင်းမြင်ခြင်းနှင့် ပွင့်လင်းခြင်းကို ထင်ဟပ်နေပါသည်။ ထို့ပြင် ရောဂါကာကွယ်ထိန်းချုပ်ရေးကို အောင်မြင်နိုင်စိတ်နှင့် ဝူဟန့်ကို ကာကွယ်စောင့်ရှောက်ရေးအရှိန်မြင့်ပြီး အောင်မြင်မည့်ယုံကြည်စိတ်ကိုလည်း တွေ့ရသည်။