ထန်လန်ချွမ်းမှာမုန်ညင်းဆီပန်းများဝေဝေဆာဆာပွင့်နေ
၂၀၂၀ခုနှစ် နွေဦးရာသီသည်ထူးခြားသော ရာသီတစ်ခု ဖြစ်ပါသည်။ ယူနန်ပြည်နယ် အန်းနင်မြို့ ထန်လန်ချွမ်းရှိ မုန်ညင်းဆီပန်းများ ဝေဝေဆာဆာပွင့်နေသော်လည်း ရှုခင်းသာရပ်ကွက်ကို ပိတ်ထားသဖြင့် ခရီးသည်များ ရောက်မလာကြပေ။ ရွှေရောင်တောက်ပသော မုန်ညင်းဆီပန်းများသည် နေရောင်အောက်၌ လှပဝေဆာနေပါသည်။ သို့သော် ဖေဖော်ဝါရီလ ၂၂ ရက်နေ့စနေနေ့တွင် သက်ဆိုင်ရာအသိပေးစာနှင့်အညီ ရှုခင်းသာရပ်ကွက်ကို ပြန်လည်ဖွင့်လှစ်လိုက်ရာ နွေဦးရာသီ၏ ပထမဆုံးအသုတ်ခရီးသည်များ ရောက်ရှိလာပါတော့သည်။