ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဆိုင်ရှင်သည် ယူနန်ပြည်နယ် တုပ်နန်ပန်းမန်ဈေးကွက်၌ ပန်းမန်ကုန်စည်များကို စီစဉ်ခင်းကျင်းနေစဉ်။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ကျန်းဝမ်ရောင့်က ဓာတ်ပုံရိုက်သည်။
လတ်တလောရက်ပိုင်းတွင် ယူနန်ပြည်နယ် တုပ်နန်ပန်းမန်ဈေးကွက်ရှိ တေ့တေ့ဆိုင်ဆိုင်ပန်းမန်ရောင်းဝယ်ရေး (ဆိုင်ရှင်နှင့်ကုန်သည်များ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ဈေးနှုန်းကို ပြန်လည်ဆွေးနွေးခြင်း) တရားဝင် ပြန်လည်လည်ပတ်ကြောင်း သတင်းအရသိရပါသည်။ ကုန်သည်သည် ဈေးကွက်ရှိပန်းမန်ကုန်စည်ကို လက်တွေ့စစ်ဆေးပြီး ဆိုင်ရှင်နှင့်မျက်နှာချင်းဆိုင်ဈေးနှုန်းဆွေးနွေးကာ ရောင်းဝယ်မှုပြုကြပါသည်။