ကူမင်းမြို့ရှိ စင်ရော်ငှက်ရှုစားရန် ရှုခင်းသာနေရာအား စနစ်တကျ ပြန်လည်ဖွင့်လှစ်

2020-03-04 18:08:42 |သတင်းအရင်းအမြစ် 新华网

ယူနန်ပြည်နယ်သည် တစ်နှစ်ပတ်လုံး နွေဦးရာသီဖြစ်ကာ နွေးထွေးသဖြင့် စင်ရော်ငှက်များစွာသည် နှစ်စဉ်နှစ်တိုင်း ဆောင်းခိုရန်အတွက် ယူနန်ပြည်နယ်သို့ ရောက်ရှိလာပါသည်။

ကူမင်းမြို့ရှိ ချောင်ဟိုင်တာ့ဘာ့၊ ဟိုင်ကိန်စသည့် ရှုခင်းသာနေရာများသည် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားသောကြောင့် ပိတ်ထားခဲ့ပါသည်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကို စနစ်တကျတွန်းတင်ဆောင်ရွက်နေသည်နှင့်အညီ မတ်လ ၃ ရက်နေ့သည် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့လည်း ဖြစ်ရာ ကူမင်းမြို့ရှိ စင်ရော်ငှက်ရှုစားရန်ရှုခင်းသာကို မြို့သူမြို့သားများအတွက် စနစ်တကျ ပြန်လည်ဖွင့်လှစ်လိုက်ပါသည်။ ယနှစ် ဆောင်းခိုရန်အတွက် ယူနန်ပြည်နယ်သို့ ရောက်ရှိလာသော စင်ရော်ငှက်ကောင်ရေမှာ ၄ သောင်းကျော်ရှိပြီး သမိုင်းမှတ်တမ်းသစ်ကို ရေးထိုးလိုက်ကြောင်း သတင်းအရသိရပါသည်။

သတင်းထောက်။ ။ကျန်းဝင်ရောင့်(ဆင်ဟွာသတင်းဌာန)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006