ဂေဟဗေဒဓာတ်ပုံဆရာများသည် “China Hornbill Valley”တွင် ရှားပါးသော hornbill စုံတွဲ၏ ရင်းနှီးချစ်ကြည်နေပုံကို အနီးကပ်ဓာတ်ပုံရိုက်ကူး

2020-03-06 18:57:09 |သတင်းအရင်းအမြစ် 新华网

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် Buceros bicornis စုံတွဲသည် ရင်းနှီးချစ်ကြည်နေကြစဉ်။ (ကျိန့်စမ်းဟယ်က ဓာတ်ပုံရိုက်သည်။)

လတ်တလောရက်ပိုင်းတွင် ဂေဟဗေဒဓာတ်ပုံဆရာများသည် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖော် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရင်ကျန်းခရိုင်ရှိ “China Hornbill Valley” တွင် ဓာတ်ပုံရိုက်ကူးရာ၌ hornbill စုံတွဲ၏ ရင်းနှီးချစ်ကြည်နေကြပုံကို အနီးကပ်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းအရသိရပါသည်။ Buceros bicornis သည် တရုတ်နိုင်ငံရှိ နိုင်ငံတော်ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်သော တိရစ္ဆာန်ဖြစ်ပြီး ခန္ဓာကိုယ်အရှည် ၁၂၀ စင်တီမီတာ၊ တောင်ပံဆန့်တန်းရာမှာ ၁၅၀ စင်တီမီတာရှိသည်။ လတ်တလောနှစ်ပိုင်းတွင် ဇီဝဂေဟစနစ်ပတ်ဝန်းကျင်အခြေအနေ ကောင်းမွန်လာသည်နှင့်အညီ တယ်ဟုန်ပြည်နယ်ခွဲရှိ Buceros bicornis သည် တစ်နှစ်ထက်တစ်နှစ် တိုးများလာပါသည်။

သတင်းထောက်။ ။ ယောင်ပင်း (ဆင်ဟွာသတင်းဌာန)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006