ယူနန်ပြည်နယ် တာ့စမ်းပေါင်းရှိ လည်ပင်းအနက်ရောင်ရိန်းများသည် မြောက်ပိုင်းရှိ မျိုးပွားနေရာသို့ ပြောင်းရွေ့

2020-03-27 17:42:27 |သတင်းအရင်းအမြစ် ယူနန်ကွန်ရက်

မတ်လ ၂၅ ရက်နေ့တွင် ယူနန်ပြည်နယ် နိုင်ငံတော်အဆင့် တာ့စမ်းပေါင်း လည်ပင်းအနက်ရောင်ရိန်း ကာကွယ်ထိန်းသိမ်းရေးဇုန်ရှိ ဝန်ထမ်းများသည် ကျန်ရှိသည့် လည်ပင်းအနက်ရောင်ရိန်းကောင်ရေ ၃၈၄ ကောင်အား စောင့်ကြပ်ကြည့်ရှုနေပြီး ယူနန်ပြည်နယ်သို့ ဆောင်းခိုလာကြသော ကောင်ရေတစ်ထောင်ကျော်ရှိ လည်ပင်းအနက်ရောင်ရိန်းများသည် မြောက်ပိုင်းရှိ မျိုးပွားနေရာဖြစ်သော ယော့အယ်ကိုက်မြက်ခင်းပြင်သို့ စတင်ပြောင်းရွေ့သွားကြောင်း ပြောပြသည်။

၂၀၁၉ ခုနှစ်တွင် တာ့စမ်းပေါင်းသို့ ဆောင်းခိုလာကြသော လည်ပင်းအနက်ရောင်ရိန်းကောင်ရေသည် ၁၃၈၃ ကောင်ရှိကြောင်း သတင်းအရသိရပါသည်။

သတင်းထောက် ။ ။ ရှိန်ရွှင့် (ယူနန်ကွန်ရက်) သတင်းပေးပို့သူ ။ ။ ကျင့်ယွမ်ကျန့် (ယူနန်ကွန်ရက်)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006