ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားသောကြောင့် ကူမင်းတုပ်နန်ပန်းဈေးကွက်ကို ယာယီပိတ်ထားခဲ့ရပါသည်။ ယခုအခါ ကူမင်းမြို့၏ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါအခြေအနေကို ထိန်းချုပ်လာနိုင်သည်နှင့်အတူ တုပ်နန်ပန်းဈေးကွက်အရောင်းအဝယ်သည် ပြန်လည် ကောင်းမွန်လာပါသည်။ ဧပြီလ ၆ ရက်နေ့တွင် ကူမင်း တုပ်နန်ပန်းဈေးကွက်၌ ခရီးသည်များသည် ဝယ်ယူထားသောပန်းကိုကိုင်ကာ ဓာတ်ပုံရိုက်နေကြသည်ကိုတွေ့မြင်နိုင်ပြီး ပန်မန်းဝယ်ယူနေသူများလည်း စည်ကားနေရာ ပန်းစိုက်တောင်သူများသည်လည်း ပန်းများကိုစီပြီး ရောင်းချနေကြပါသည်။
သတင်းထောက် ။ ။ ခိုင်းဖိန် (တရုတ်သတင်းတိုက်)