ယူနန်ပြည်နယ် ဖူအယ်မြို့ နင်အယ် ဟားနီ၊ ရီ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ လီရှင်းချန်းသည် ဖူအယ်လက်ဘက်ခြောက် ထုတ်လုပ်ရေးနည်းပညာ ၈ ဆက်မြောက် မျိုးရိုးဆက်ခံသူ ဖြစ်ပါသည်။ နှစ်ပေါင်းများစွာအတွင်း လီရှင်းချန်းသည် ဖူအယ်လက်ဘက်ခြောက် ထုတ်လုပ်ရေး နည်းပညာကို လေ့လာပြီး ၂၀၁၂ ခုနှစ်မှစ၍ လီရှင်းချန်းသည် အလုပ်ခန်းနှင့် ဖူအယ်လက်ဘက်ခြောက် ထုတ်လုပ်ရေးနည်းပညာသင်ပြခန်းကို တည်ထောင်ကာ ပြည်သူပြည်သားများအတွက် ဖူအယ်လက်ဘက်ခြောက် ထုတ်လုပ်ရေးနည်းပညာကို အခမဲ့သင်ပေးလျက်ရှိရာ ဖူအယ်လက်ဘက်ရည်နှင့် လက်ဘက်ယာဉ်ကျေးမှု နှစ်သက်သူများစွာ ပေါ်ထွက်လာပါသည်။
သတင်းထောက် ။ ။ ရန်ဇုန်ယုပ် (ဆင်ဟွာသတင်းဌာန)