လတ်တလောနှစ်ပိုင်းတွင် လယ်သမားအတွက် ဝင်ငွေတိုးရန်အလို့ငှာ ယူနန်ပြည်နယ် တီချင့်တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျန်းဖောကျေးရွာသည် သံလွင်ဆီ၊ တိဗက်နွား၊ ဆိတ်များနှင့် အခြား စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်နေကြသည့်အပြင် ကျေးရွာခရီးသွားလုပ်ငန်းကို တက်ကြွစွာ ဖွံ့ဖြိုးအောင် လုပ်ဆောင်နေကြပါသည်။
ကျေးရွာသား စီးနတ်တင့်ဇူမင်သည် ကျေးရွာတွင် တည်းခိုဆောင်ကို ဦးစွာ တည်ထောင်ပြီး လယ်ယာစိုက်ပျိုးရေးကို မှီခိုလုပ်ကိုင်နေထိုင်သော ဘဝအတွက် ဝင်ငွေရလမ်းကြောင်း နောက်တစ်မျိုးကို ဖန်တီးပေးသောကြောင့် ပြီးခဲ့သည့် ၂၀၁၉ နှစ်အတွင်း ဝင်ငွေ တရုတ်ယွမ်ငွေ ၁ သိန်း (၁၄၁၅၉ ဒေါ်လာ) ဝန်းကျင် ရရှိခဲ့ပါသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို မှီခိုလုပ်ကိုင်ခြင်းနှင့် ကျေးရွာခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ကျန်းဖောကျေးရွာ၏ လူတစ်ဦးချင်းစီဝင်ငွေသည် ၂၀၁၆ ခုနှစ်တွင် တရုတ်ယွမ်ငွေ ၈၀၀၀ (၁၁၃၄ ဒေါ်လာ) မှ ၂၀၁၉ ခုနှစ်တွင် တရုတ်ယွမ်ငွေ ၂၆၆၀၀ (၃၇၇၀ ဒေါ်လာ)သို့ တိုးတက်လာကြောင်း သတင်းအရသိရပါသည်။ မြင့်မားလှသော မေလီနှင်းတောင်သည် ကျန်းဖောကျေးရွာ၏ ချမ်းသာလာသော ဘဝပြောင်းလဲမှုကို သက်သေပြုလျက် ရှိနေပါသည်။
သတင်းထောက် ။ ။ ဟူချောင်း (ဆင်ဟွာသတင်းဌာန)