ရှင်းကျန်း ဖူဟိုင်ခရိုင်တွင် ကျွဲနွားထိန်းကျောင်း အသက်မွေးဝမ်းကျောင်းပြုသူများ၏ စားကျက်မြေပြောင်းရွှေ့ကာလရောက်ရှိ

2020-04-16 17:53:56 |သတင်းအရင်းအမြစ် 新华网

ဧပြီလ ၁၅ ရက်နေ့တွင် မောင်းသူမဲ့လေယာဉ်မှ ရိုက်ကူးထားသော ရှင်းကျန်း အားလေ့ထိုက်ဒေသ ဖူဟိုင်ခရိုင်ရှိ စားကျက်မြေပြောင်းရွှေ့နေသော ဆိတ်အုပ်ကို တွေ့ရစဉ်။

ဧပြီလရောက်ရှိလာရာ ရှင်းကျန်း အားလေ့ထိုက်ဒေသ ဖူဟိုင်ခရိုင်ရှိ ကျွဲနွားထိန်းကျောင်း၍ အသက်မွေးဝမ်းကျောင်းပြုသူများသည် တစ်နှစ်တစ်ကြိမ် နွေဦးရာသီစားကျက်မြေပြောင်းရွှေ့ခြင်းကို စတင်လိုက်ပါသည်။ ကျွဲနွားထိန်းကျောင်း၍ အသက်မွေးဝမ်းကျောင်းပြုသော မိသားစု ၇၀၀ ကျော်သည် အိမ်မွေးတိရစ္ဆာန် ကောင်ရေ ၄.၈ သိန်းကို ဆောင်းရာသီစားကျက်မြေမှ နွေဦးရာသီနှင့် ဆောင်းဦးရာသီ စားကျက်မြေသို့ ပြောင်းရွှေ့သွားပါသည်။ လတ်တလောနှစ်ပိုင်းတွင် ရှင်းကျန်းဝေဝါတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို စဉ်ဆက်မပြတ် တွန်းတင်ဆောင်ရွက်ပြီး ဒေသအစိုးရသည် စားကျက်မြေပြောင်းရွှေ့ခြင်းကို အဆင်ပြေစွာလုပ်ဆောင်ရန်အတွက် အင်တိုက်အားတိုက် စီစဉ်ခြင်းနှင့် တိရစ္ဆာန်ထိန်းကျောင်းမွေးမြူရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲခြင်းများဖြင့် ကျွဲနွားထိန်းကျောင်း၍ အသက်မွေးဝမ်းကျောင်းသူဆိုင်ရာ နေထိုင်မှုဘဝအရည်အချင်းကို မြှင့်တင်ပေးပါသည်။

သတင်းထောက် ။ ။ တင်းရှင်း (ဆင်ဟွာသတင်းဌာန)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006