လတ်တလောရက်ပိုင်းတွင် ၂၀၂၀ ခုနှစ် ပထမအကြိမ် စစ်ဆောင်ပန်းနား“ရေပေါ်ဈေးတန်း”လှုပ်ရှားမှုကို ယူနန်ပြည်နယ် စစ်ဆောင်ပန်းနား တိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကောင့်ကျွန်းရှီရွှန်းကျင် ရှုခင်းသာရပ်ကွက်တွင် ကျင်းပခဲ့ကြောင်း သတင်းအရသိရပါသည်။
ဈေးသွားလည်ခြင်းသည် စစ်ဆောင်ပန်းနားပြည်နယ်ခွဲ ရေသဘင်ပွဲတော်အတွင်း အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခရီးသည်များသည် မဲခေါင်မြစ်ဝှမ်းဒေသ ၆ နိုင်ငံဆိုင်ရာ ဓလေ့ထုံးစံများနှင့် အပူပိုင်းဒေသထွက်အသီးအနှံများကို ခံစားနိုင်သည့်အပြင် သီဆိုကပြဖျော်ဖြေမှုများကိုလည်း ရှုစားနိုင်သဖြင့် ခရီးသည်များစွာကို ဆွဲဆောင်နေပါသည်။