လတ်တလောရက်ပိုင်းတွင် ယူနန်ပြည်နယ် ချူကျင့်မြို့ ဟွေ့ဇီခရိုင်သည် ရွှေ့ပြောင်းနေထိုင်သော ပြည်သူပြည်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မှတဆင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရန် အထောက်အကူပြုလျက်ရှိကြောင်း သတင်းအရသိရပါသည်။ လက်ရှိတွင် ဒေသခံ ၁၉၇၁၆ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ကူညီပေးထားပါသည်။ ဒေသအစိုးရသည် ဆင်းရဲနွမ်းပါးသော အခြေအနေပေါ် မူတည်၍ ဒေသဆိုင်ရာ ခေတ်မီလယ်ယာစိုက်ပျိုးရေး ကုန်ထုတ်လုပ်ဇုန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကုန်ထုတ်လုပ်ဇုန်များတွင် အလုပ်ဝင်နိုင်ရန် စီစဉ်ပေးပါသည်။ ယခုအချိန်တွင် ခေတ်မီ လယ်ယာစိုက်ပျိုးရေး ကုန်ထုတ်လုပ်ဇုန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကုန်ထုတ်လုပ်ဇုန်များတွင် ဒေသခံများအတွက် အလုပ်အကိုင် ၁၀၀၀ ကျော် စီစဉ်ပေးထားပြီး တစ်ဦးချင်းဝင်ငွေမှာ နှစ်စဉ် တရုတ်ယွမ်ငွေ ၁.၄ သောင်း (၁၉၇၈ ဒေါ်လာ)ကျော် ရရှိနိုင်ကြသည်။
သတင်းထောက် ။ ။ ချင်ရှင်းဘော (ဆင်ဟွာသတင်းဌာန)