ဧပြီလ ၂၀ ရက်နေ့တွင် ယူနန်ပြည်နယ်ရှိ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း၊ အသက်မွေးဝမ်းပညာသင်ကျောင်းတို့သည် နွေဦးရာသီ ကျောင်းဖွင့်ရက် စတင်ခဲ့ပြီး ကျောင်းတိုင်းတွင် ကျောင်းသို့ဝင်ရောက်ခြင်းကို တင်းကျပ်စွာ ဆောင်ရွက်ပြီး အသုံးအဆောင်နှင့် နေရာများကို ပိုးသတ်ခြင်း၊ စာရင်းပေးသွင်းမှတ်တမ်းတင်ခြင်း၊ ခန္ဓာကိုယ်အပူချိန် တိုင်းတာခြင်း၊ အရေးပေါ်စုရပ်ကို စီစဉ်ထားခြင်း အစရှိသည်တို့ဖြင့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်ထားပါကြောင်း သတင်းအရသိရပါသည်။
ကျောင်းဖွင့်သည့် ပထမနေ့တွင် ကျောင်းတိုင်း၌ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာ ပညာပေးခြင်းဖြင့် “ပထမဆုံး သင်ခန်းစာ”ကို စတင်လိုက်ပါသည်။
သတင်းထောက် ။ ။ လီမောက်ရင်၊ ကျိုးဟုန်ရှာ (ပြည်သူ့ကွန်ရက်)