ယူနန်ပြည်နယ် မွန်ဟိုင်ခရိုင် ပလောင်တောင်ရှိ မန်နန်ကျေးရွာသည် ယခင်က ဒေသအတွင်းရှိ နာမည်ကျော်ကြားသော ဆင်းရဲသည့်ကျေးရွာဖြစ်ပြီး ရွာရှိ လားဟူးတိုင်းရင်းသားနေအိမ် ၁၇ အိမ်သည် အခြေခံတရုတ်စကားကိုပင် မပြောတတ်သဖြင့် သူတို့၏ယဉ်ကျေးမှုအဆင့်အတန်းသည်လည်း နိမ့်ကျနေခဲ့သည်။ ဒေသခံအတွက် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်နိုင်ရေးအတွက် ဒေသန္တရအစိုးရသည် ဒေသခံများအတွက် နေအိမ်အသစ်သို့ ပြောင်းရွှေ့နေထိုင်ရန် ကူညီသည့်အပြင် တရုတ်စံပြဘာသာစကားပြောကြားခြင်း၊ ဝက်မွေးမြူခြင်း၊ ဆန်စပါးစိုက်ပျိုးခြင်း တို့ကိုလည်း သင်ကြားပေးခဲ့သည်။ လက်ရှိအချိန်တွင် ရွာသူရွာသားများသည် ကြက်မွေးမြူပြီး လက်ဖက်လည်းစိုက်ပျိုးထားပါသည်။ ၂၀၁၉ ခုနှစ်တွင် မန်နန်ကျေးရွာ ရွာသူရွာသား၏ ပျမ်းမျှဝင်ငွေမှာ တရုတ်ယွမ်ငွေ ၈၀၂၆ ယွမ် (၁၁၃၃ ဒေါ်လာ) ရှိပါသည်။ ၂၀၂၀ ခုနှစ်တွင် လားဟူးတိုင်းရင်းသား အပါအဝင် လူဦးရေနည်းပါးသော တိုင်းရင်းသား ၉ ခုသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရန် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု ယူနန်ပြည်နယ်က တရားဝင်ကြေညာကြောင်း သတင်းအရသိရပါသည်။
သတင်းအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန