တရုတ်ကူမင်းမြို့ မူလတန်းကျောင်း စတုတ္ထတန်း၊ ပဉ္စမတန်း၊ ဆဌမတန်းများဖွင့်လှစ်သည်။
ဧပြီလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ စာသင်ကျောင်းဖွင့်လှစ်ရန်လိုအပ်ချက်နှင့် ကိုက်ညီသော မူလတန်းကျောင်းများ စနစ်တကျ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သတင်းအရသိရပါသည်။ ကူမင်း ဝူချင်မူလတန်းကျောင်းသည် စတုတ္ထတန်း၊ ပဉ္စမတန်း၊ ဆဌမတန်းတို့ကို ပထမဆုံး ပြန်လည်ဖွင့်လှစ် လိုက်ပါသည်။ ကျောင်းသူကျောင်းသားများအတွက် ဘေးကင်းလုံခြုံစွာ ကျောင်းတက်နိုင်ရန်နှင့် စာသင်နိုင်ရန် ကျောင်းသို့ဝင်ရောက်သည့် ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများအားလုံးသည် နှာခေါင်းစည်းတပ်ဆင်ပြီး ၁ မီတာအကွာ နေကြရမည်ဖြစ်သည်။ စာသင်ကျောင်းကိုလည်း နေ့စဉ်နေ့တိုင်း အချိန်မှန်မှန် ဆေးဖျန်းပိုးသတ်၍ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများကို ခန္ဓာကိုယ်အပူချိန် တစ်နေ့ ၃ ကြိမ် စစ်ဆေးမှတ်တမ်းရယူမည်ဖြစ်သည်။