ဧပြီလ ၂၆ ရက်နေ့မှာ ယွိလွန်နှင်းတောင်ရှုခင်းသာရပ်ကွက်ရှိ ဆီးနှင်းအလှပုံကို မြင်ရစဉ်။
လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အပူချိန် ရုတ်တရက်ကျလာပြီး လိကျန်းမြို့ ယွိလွန်နှင်းတောင်ရှုခင်းသာတွင် ဆီးနှင်းကျလာကြောင်း သတင်းအရသိရပါသည်။ ဖြူဖွေးလှသော နှင်းပွင့်များသည် တောတောင်၊ ပန်းပင်၊ မြက်ခင်း၊ လမ်း၊ နေအိမ်များကိုဖုံးလွှမ်းလျက်ရှိပြီး နတ်သမီးပုံပြင်ကမ္ဘာထဲက “ဆောင်းရာသီအဝတ်အစား” ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေရာ မြို့သူမြို့သားနှင့် ခရီးသည်များစွာကို ဆွဲဆောင်နေပါသည်။
သတင်းထောက်။ ။လျန့်ရှင်းဟုန်(ဆင်ဟွာသတင်းဌာန)