ယူနန် မီလေ့တွင် အားရှိထျောက်ယွိအကဖြင့် ခရီးသည်များကို ကြိုဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်လာနိုင်သည်နှင့်အမျှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဟုန်ဟယ် ဟားနီ၊ ရီ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မီလေ့မြို့ ရှိ ခယ်ယိမြို့နယ် ရှုခင်းသာကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ရှုခင်းသာရှိ ယဉ်ကျေးမှုအနုပညာအဖွဲ့သည် မြို့နယ်ရင်ပြင်၌ ခရီးသည်များအား အားရှိထျောက်ယွိအက (ရီတိုင်းရင်းသား ရိုးရာအက)ဖြင့် တင်ဆက်ကြိုဆိုလျက်ရှိကြောင်း သတင်းအရသိရပါသည်။
သတင်းပေးပို့သူ ။ ။ ဖူကျားရွံ (ယူနန်ကွန်ရက်)