ဆေးပညာကို သင်ယူခဲ့သော လျူခိုင်ပင်းသည် ဆေးတက္ကသိုလ်ဘွဲ့ရပြီးနောက် ဇာတိမြေ ကောကျားရွာသို့ ပြန်ကာ ဆေးပညာကိုစွန့်လွှတ်၍ ယူနန်ပြည်နယ်ရှိ အထူးလုပ်ငန်းဖြစ်သော ပန်းမန်စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့ပါသည်။ လုလျောင်ခရိုင်တွင် ပန်းမန်စိုက်ပျိုးရေး ကျွမ်းကျင်သူမရှိသောကြောင့် ကိုယ်တိုင်လေ့လာခြင်းဖြင့် ၁၀ ဧကကို စတင်စိုက်ပျိုးခဲ့သည်။ သူသည် ကိုယ်တိုင်စိုက်ပျိုးထားသော နှင်းဆီကို တုပ်နန်ပန်းမန်ဈေးကွက်သို့ သွားရောက်ရောင်းချရာ ပန်းအရည်အသွေးသည် ပျမ်းမျှစံနှုန်းနှင့်မကိုက်ညီသဖြင့် ရောင်းချခွင့်မရရှိခဲ့ပါ။