လျူခိုင်ပင်းသည် သမဝါယမကို တည်ထောင်ပြီး ရွာသူရွာသားများနှင့် အတူတကွ ပန်းစိုက်ပြီး ကောကျားရွာရှိ နှင်းဆီစိုက်ပျိုးရေးစခန်းအတွက် တရုတ်ဧက ၆၀၀ ကျော်ကို ဖွံ့ဖြိုးစေခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် လျုခိုင်ပင်းသည် ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး ရိုးရာရောင်းဝယ်ရေးစနစ်ကို ထိုးဖောက်၍ တိုက်ရိုက်ရောင်းချခြင်းနှင့် အွန်လိုင်းရောင်းချခြင်း စသည့် စနစ်ကို ကျင့်သုံးလိုက်ပါသည်။ လက်ရှိအချိန်တွင် လျူခိုင်ပင်းနှင့် သူ့အဖွဲ့သည် မာကြေးကျေးရွာအုပ်စုတွင် ဧက ၅၀၀ ဝန်းကျင်ကျယ်ဝန်းသည့် ဒုတိယမြောက် နှင်းဆီစိုက်ပျိုးရေးစခန်းကို တည်ထောင်ကာ အနီးအနားရွာရှိ တောင်သူ ၁၅၀ ကို အလုပ်ပေးနိုင်ခဲ့သည်။
သတင်းထောက် ။ ။ ဖိန်ယွင့်ကျား၊ လင်ဘိဖိန်း (ဆင်ဟွာသတင်းဌာန)