ကျားဝူလားတောင် တောင်တက်လမ်းကို တွေ့ရစဉ်။ မေလ ၄ ရက်နေ့တွင် ဓါတ်ပုံရိုက်သည်။
တရုတ် Mount Qomolangma အမျိုးသားသဘာဝဘေးမဲ့တောသည် တစ်ကမ္ဘာလုံးရှိ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးသဘာဝဘေးမဲ့တောဖြစ်ပြီး ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများနှင့် ပြည့်စုံလှသောနေရာ ဖြစ်သောကြောင့် ကမ္ဘာ၏ “တတိယဝန်ရိုးစွန်း”ဟုသတ်မှတ်ခေါ်ဝေါ်ပါသည်။
သဘာဝဘေးမဲ့တောသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈၀၀၀ ကျော်ရှိသော တောင်ထိပ်တွင် တည်ရှိပြီး နှင်းတောင်၊ ချိုင့်ဝှမ်း၊ မြစ်ချောင်း၊ ရေကန်၊ ရေခဲမြစ်၊ သဲကန္တာရများဖြင့် ကုန်ပြင်မြင့်ဒေသရှိ ထူးခြားလှသော ကုန်းပြင်မြင့်မြေမျက်နှာသွင်ပြင်ကို ဖွဲ့စည်းထားသဖြင့် များစွာလှသော သဘာဝနှင့် သမိုင်းဆိုင်ရာ ယဉ်ကျေးမှု၊ ကျောက်ဖြစ်ရုပ်ကြွင်းများ ရှိသောကြောင့် ခရီးသည်များစွာကို ဆွဲဆောင်နေပါသည်။
သတင်းထောက် ။ ။ ကျန်ကျင်းကျင်း (ဆင်ဟွာသတင်းဌာန)