ဇူဖိန်ကျေးရွာသည် ယူနန်ပြည်နယ် နက်ရှိုင်းသောတောင်တန်းများတွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လယ်ယာမြေ မြေဆီနည်းပါးခြင်း၊ ထုတ်လုပ်မှုနှင့် နေထိုင်မှုဘဝ ဆိုးဝါးညံ့ဖျင်းခြင်းတို့နှင့် ရင်ဆိုင်ရသဖြင့် အင်မတန် ဆင်းရဲလှပါသည်။
ဆင်းရဲခက်ခဲနေသော ပြည်သူပြည်သားများသည် ဆိုးဝါးညံ့ဖျင်းလှသော ထုတ်လုပ်မှုနှင့်နေထိုင်မှုဘဝမှ လွတ်မြောက်ကာ ချမ်းသာသုခဘဝရရှိလာနိုင်ရန်အတွက် ယူနန်ပြည်နယ် ရမ့်စမ်းခရိုင်သည် ဇူဖိန်ကျေးရွာရှိ ရွာသူရွာသားများအား ရမ့်စမ်းခရိုင် ဝေမော်ကျေးရွာအုပ်စု ထန့်ဖန်နေရာရှိ ပြန်လည်နေရာချထားရေးနေရာသို့ ပြောင်းရွှေ့ပေးရန် ဆုံးဖြတ်လိုက်ပါသည်။ လက်ရှိအချိန်တွင် ထန့်ဖန် ပြန်လည်နေရာချထားရေးနေရာတွင် ဟန့်၊ ကျွမ့်၊ ရီ၊ မြောင် တိုင်းရင်းသားလူမျိုးစု ၄ မျိုးမှ အိမ်ထောင်စု ၂၂၃ စု၊ လူဦးရေစုစုပေါင်း ၁၀၆၉ ဦးသည် မိသားစုကြီးတစ်ခုကဲ့သို့ ပေါင်းစည်းညီညွတ်စွာ နေထိုင်ကြပါသည်။ ပြောင်းရွှေ့အခြေချနေထိုင်ကြသော ပြည်သူပြည်သားများသည် ဒေသန္တရအစိုးရ၏ အကူအညီဖြင့် ဆင်းရဲနွမ်းပါးမှုမှ အောင်မြင်စွာ လွတ်မြောက်လာပြီး ချမ်းသာသုခနှင့်ပြည့်စုံသောဘဝဆီသို့ ဦးတည်လှမ်းချီနေပြီ ဖြစ်ပါသည်။
သတင်းအရင်းအမြစ် ။ ။ ယူနန်နေ့စဉ်သတင်းစာ