တျိန်းအော်ပရာဇာတ်ကို အမွေဆက်ခံသော ဇာတ်ဆောင်ငယ်

2020-06-16 18:06:32 |သတင်းအရင်းအမြစ် ဆင်ဟွာသတင်းဌာန

နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ တျိန်းအော်ပရာဇာတ် (ယူနန်ပြဇာတ်)သည် ၂၀၀၈ ခုနှစ်တွင် တရုတ်နိုင်ငံ နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခဲ့သည်။ တျိန်းအော်ပရာဇာတ် တင်ဆက်ရာတွင် တရုတ်ရိုးရာပြဇာတ်များ၏ အစဉ်အလာထူးချွန်မှုများ ပါရှိသည့်အပြင် ယူနန်ဒေသဆိုင်ရာ ထူးခြားချက်များလည်း ပါရှိသည်။

အသက် ၁၆ နှစ်အရွယ်ရှိ တုစူးလင်နတ်သည် တျိန်းအော်ပရာဇာတ်ကို လေ့လာသင်ယူနေသည်မှာ ၇ နှစ်ရှိပြီဖြစ်ပြီး တျိန်းအော်ပရာဇာတ်သည် အဖိုးတန်ရတနာတစ်ခုကဲ့သို့ အော်ပရာဇာတ်အဝတ်အစား၊ မိတ်ကပ်အလှဆင်၊ ဇာတ်သီချင်း စသည်တို့သည် ရိုးရာယဉ်ကျေးမှုဆွဲဆောင်မှု ပြည့်လျှံနေပြီး ထိုသည်ကို စိတ်ပါဝင်စားစွာ လေ့လာသင့်သည်ဟု သူမက ပြောပါသည်။ ယူနန်ဒေသယဉ်ကျေးမှု ထူးခြားချက်အပြည့်ပါရှိသော တျိန်းအော်ပရာဇာတ်ကို ဆရာနှင့် တပည့်များ အတူတင်ဆက်နိုင်ရန် တုစူးလင်နတ်က မျှော်လင့်ထားပါသည်။

သတင်းထောက် ။ ။ ချင်ရှင်းဘော (ဆင်ဟွာသတင်းဌာန)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006