နွေခေါင်ခေါင် ညနေဆည်းဆာချိန်တွင် ချင်းဟိုင်ရေကန်ကြီးအတွင်းရှိ သဲကျွန်း၌ ရေကန်ကလေးများ ကြယ်စုကဲ့သို့ ပြွတ်သိပ်လျက်ရှိပြီး သဲခုံတို့လည်း နိမ့်ချည်မြင့်ချည် အဆက်မပြတ်ဆက်စပ်နေသောကြောင့် ရှုခင်းထူးခြားလှပနေပါသည်။ ရွှေဝါရောင်သဲပြင်နှင့် ရေကန်တို့ အပြန်အလှန်ထင်ဟပ်နေခြင်းသည် နေရောင်ခြည်အောက်တွင် ပန်းချီကားကဲ့သို့ လှပနေသည်မှာ လူတို့၏မျက်စိနှင့် စိတ်နှလုံးကို ဖမ်းစားနေပါတော့သည်။