ယူနန်ပြည်နယ် ကျောက်ထွန်းမြို့မှ တောင်သူတို့သည် ပန်းသီးစိုက်ပျိုးခြင်းဖြင့် နေထိုင်မှုဘဝ ချောင်လည်ချမ်းသာလာ

2020-08-10 14:50:14 |သတင်းအရင်းအမြစ် 新华网

သြဂုတ်လ ၈ ရက်နေ့တွင် မောင်းသူမဲ့လေယာဉ်ဖြင့် ရိုက်ကူးထားသည့် ကျောက်ထွန်းမြို့၏ ပန်းသီးစိုက်ပျိုးရေးနေရာတစ်နေရာကို တွေ့ရစဉ်။

ယခုနှစ်ပိုင်းကာလတွင် ယူနန်ပြည်နယ် ကျောက်ထွန်းမြို့သည် ပန်းသီးစိုက်ပျိုးရေးလုပ်ငန်းဖြင့် ဦးစီးဆောင်ရွက်သော ခေတ်သစ်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဗျူဟာကို အတည်ပြု အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ လက်ရှိတွင် ကျောက်ထွန်းမြို့၏ ပန်းသီးစိုက်ပျိုးရေး အကျယ်အဝန်းသည် တရုတ်မို ၈၀ (၁၃.၁၈ ဧက နှင့်တူညီသည်။) ဝန်းကျင်ရှိပြီး ကျောက်ထွန်းမြို့ရှိ ကျေးရွာအုပ်စု ၂၀ နီးပါးကို လွှမ်းခြုံနေသည်။ ပန်းသီးစိုက်တောင်သူတို့သည် တစ်ဦးခြင်းစီ ပျမ်းမျှအားဖြင့် နှစ်စဉ်ဝင်ငွေ တရုတ်ငွေ ယွမ် ၄၀၀၀ ရရှိကြသည်။ ကျောက်ထွန်းမြို့သည် ပန်းသီးစိုက်ပျိုးခြင်းကြောင့် လူဦးရေ ၃ သိန်းအား ဆင်းရဲနွမ်းပါးမှုမှ ကင်းလွတ်စေပြီး “ပန်းသီးမြို့တော်”ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။
(သတင်းအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006