တရုတ်နိုင်ငံ ယဉ်ကျေးမှုမြို့ပြ တည်ဆောက်ရေးကို တွန်းအားပေးသည့် အနေဖြင့် ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် အန်းနင်မြို့တွင် ပရဟိတ ရုပ်ပုံလွှာ ပန်းချီများမှတစ်ဆင့် ပြည်သူပြည်သားများ၏ ယဉ်ကျေးမှုအရည်အသွေးကို တိုးမြှင့်နိုင်ရန် ဆောင်ရွက်နေပါသည်။ သတင်းအရ၊ အန်းနင်မြို့သည် အန်းနင်၏ သမိုင်းရာဇဝင်နှင့် တောတောင်ရေမြေ ယဉ်ကျေးမှုကို အခြေပြုပြီး အန်းနင်မြို့၏ ထူးခြားချက်လက္ခဏာပါသောပန်းချီကားများကို မြို့လယ်ရှိ အဆောက်အအုံ နံရံများပေါ်တွင် ရေးဆွဲခြင်းဖြစ်ပြီး ပန်းချီကားများ၏ အကျယ်အဝန်းသည် စတုရန်းမီတာ ၆ ထောင်ကျော် ရှိသည်။ အဆိုပါလုပ်ဆောင်ချက်သည် နံရံများကို ပိုမိုနွေးထွေးလာစေသည်။
(သတင်းအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan Gateway)