ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိင်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့သည် မြန်မာနိုင်ငံနှင့် တောတောင်ရေမြေ ထိစပ်လျက်ရှိပြီး တရုတ်နိုင်ငံတွင် အရေးပါသော ကျောက်မျက်ရတနာ ဆုံစည်းရာနေရာဖြစ်ကာ “အရှေ့ဘက် ရတနာမြို့” ဟု ချီးကျူးခေါ်ဝေါ်သည်။ ယခုနှစ်ပိုင်းကာလတွင် အင်တာနက်တိုက်ရိုက်လိုက်ဖ်လွှင့်ခြင်းသည် ရေပန်းစားလာသည်နှင့်အမျှ ရွှေလီမြို့၏ ကျောက်မျက်ရတနာလုပ်ငန်းသည်လည်း တွန်းအားသစ်ဖြစ်လာခဲ့သည်။ လက်ရှိတွင် ရွှေလီမြို့၌ တိုက်ရိုက်လိုက်ဖ်လွှင့်စခန်း ၁၀ ခုကို တည်ဆောက်ထားပြီး တိုက်ရိုက်လိုက်ဖ်လွှင့်ခြင်း လုပ်ငန်း ၁၅ ခုက လိုက်ဖ်လွှင့်နေကြသည်။ ကျောက်မျက်ရတနာကုန်လုပ်ငန်းဆောင်ရွက်သူ ၇ သောင်းကျော်ရှိသည့်အနက် ၄ သောင်းနီးပါးသည် တိုက်ရိုက်လိုက်ဖ်လွှင့်ရောင်းချမှုဖြင့် စီးပွားရှာနေ ကြသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ မေလအထိ၊ ရွှေလီတစ်မြို့လုံး၏ တိုက်ရိုက်လိုက်ဖ်လွှင့်ရောင်းချမှု ဝင်ငွေပမာဏသည် တရုတ်ငွေ ယွမ် ၃.၆၆ ဘီလီယံ ရောက်ရှိခဲ့သည်။
(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan Gateway)