တရုတ်-ဥရောပ ကုန်တင်ရထား သွားလာမှု ကပ်ရောဂါအကျပ်အတည်းကာလတွင် မြင့်တက်လာ

2020-09-15 10:44:51 |သတင်းအရင်းအမြစ် 新华网

ယခုနှစ် အစောပိုင်းကာလမှစ၍ ဒေသအများစုတွင် ကပ်ရောဂါဘေးကြောင့် လေကြောင်းရေကြောင်း သွားလာမှုများ ပြတ်တောက်ချိန်တွင် တရုတ်-ဥရောပ ရထားသွားလာမှုသည် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့သည်။

ယခုနှစ် ဩဂုတ်လတွင် တရုတ်-ဥရောပ ရထားသွားလာမှု အစီးပေါင်း ၁,၂၄၇ စီးရှိခဲ့ပြီး ကုန်ပစ္စည်း ပို့ဆောင်မှု သည် TEU ကွန်တိန်နာ အလုံးပေါင်း ၁ သိန်း ၁ သောင်း ရှိခဲ့ရာ ပြီးခဲ့သည့် နှစ် ကာလ တူထက် ၆၂ ရာခိုင်နှုန်းနှင့် ၆၆ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။၎င်းမှာ ကပ်ရောဂါ ထိန်းချုပ်ရေး၊ လုပ်ငန်းများ ပြန်လည် လည်ပတ်ရေးနှင့် ကမ္ဘာ့ ကုန်ပစ္စည်းထောက်ပံ့မှုကွင်းဆက် တည်ငြိမ်ရေးအတွက် ဆက်တိုက် အကျိုးဆောင်နိုင်ခဲ့ရာ တရုတ်-ဥရောပ ရထားသည် ကပ်ရောဂါအလွန်ကာလ တရုတ်-ဥရောပ ကုန်စည်ကူးသန်းရောင်းဝယ်ရေးကဏ္ဍတစ်နေ့တစ်ခြား ပို၍နီးကပ်လာမည့် ပုံရိပ်တစ်ခုဖြစ်လာ ကြောင်း သိရသည်။(Xinhua)

တရုတ်နိုင်ငံ ဝူဟန့်မြို့မှ ထွက်ခွာသွားသည့် တရုတ်-ဥရောပ ကုန်ရထားကြီး X8015  ဂျာမနီနိုင်ငံ ဂျူးရစ်ဘာ့ဂ်မြို့ သို့ ဧပြီ ၁၄ ရက်တွင် ရောက်ရှိစဉ်(ဆင်ဟွာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006