ပုံတွင် နှုန်ကျားကွေ့နှင့် ကျောင်းသူကျောင်းသားများအား ကျောင်းဝင်းအတွင်း အတူတွေ့ရစဉ်။(Xinhua)
ယူနန်ပြည်နယ် ဝင်စန်းပြည်နယ်ခွဲ ကွမ်နန်ခရိုင် လျှန်ချိန်မြို့နယ်ရှိ တောအုပ်တောင်တန်းတွင် လော့ဆုံးတိ အမည်ရှိ ရွာငယ်တစ်ရွာရှိပြီး ယခင်က လူတိုင်းသွားရန်ရှောင်ရှားခဲ့သည့် အနာကြီးရောဂါသည်များ နေထိုင်သည့်ရွာ ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် နှုန်ကျားကွေ့ဟု ခေါ်သည့် လူငယ်ယောက်ျားလေး တစ်ဦးသည် ၎င်းရွာငယ်သို့လာရောက်ပြီး ပထမဆုံးကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ လော့ဆုံးတိရွာငယ်တွင် ထိုစဉ်က ပထမဆုံး စာသင်ကျောင်း(မူလတန်းကျောင်း) ရှိလာပါသည်။ ယခုအချိန်တွင် နှုန်ကျားကွေ့သည် အဆိုပါရွာငယ်၌ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်သည်မှာ ၃၄ နှစ်ရှိပြီဖြစ်ပြီး ရွာငယ်၏ စာသင်ကျောင်းတစ်ကျောင်း ကျောင်းဆရာတစ်ဦးတည်းဖြင့် သင်ကြားခဲ့သည့် ကာလအတွင်း ကျောင်းသူကျောင်းသား ၁၁၀ ဦးအား ပြင်ပတွင်ရှိသော အလယ်တန်းကျောင်းသို့ သွားရောက်စာသင်ရန် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ (သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာနမှ ကောက်နုတ်တင်ပြထားသည်။ ဘာသာပြန်၊ Yunnan Gateway)