ဆောင်းရာသီအစောပိုင်းကာလ၌ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တရုတ်မြောက်ပိုင်း ဒေသကဲ့သို့ ချမ်းအေးလွန်းပြီး ရွက်ကြွေအထီးကျန်သစ်ပင်များနှင့် မဟုတ်ပေ။ ရွှေဝါရောင်ဂျင်ဂိုရွက်၊ အနီရောင်မေပယ်ရွက်များသည် ပြာလဲ့လဲ့ကောင်းကင်၊ တိမ်ဖြူဖြူတို့နှင့် အပြန်အလှန်ထင်ဟပ်လှပ နေပါသည်။ ထို့ပြင်၊ ကူမင်းမြို့တွင် ဆောင်းရာသီရောက်တိုင်း ဆိုက်ဘေးရီးယားမှ ပျံသန်းလာသော စင်ရော်များကိုလည်း နေရာအနှံ့တွေ့မြင်နိုင်ပါသည်။ အချို့က ရေတွင်ဆော့နေသကဲ့သို့ အချို့ကမူ ကောင်းကင်တွင် ပျံသန်းနေပါသည်။
တရုတ်နိုင်ငံနေရာအသီးသီးမှခရီးသည်များသည် စင်ရော်များကို ရှုစားရန် ကူမင်းကို တကူးတက လာရောက်လည်ပတ်ကြသည်ကိုလည်း တွေ့ရှိနိုင်ပါသည်။
ပုံ ။ ။ ကူမင်းမြို့ Cuihu ကန်တော်ဥယျာဉ်၏ရှုခင်းအလှကို တွေ့ရှိစဉ်။