နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ယူနန်ပြည်နယ်မီလပ်မြို့ မာလွန်ကျေးရွာရှိ ယီတိုင်းရင်းသား အိမ်ထောင်စု တစ်ခုမှ အထွက်တိုးသောပြောင်းဖူးများကို ပျော်ရွှင်စွာ နေလှန်းနေကြသည်၊၊ မာလွန်ကျေးရွာရှိ အိမ်ထောင်စု ၁၅၆ စုအနက် ၈၀ ကျော် သည် ပြောင်းဖူးအထွက်နှုန်း ၃-၄ တန်ရှိပြီး အိမ်ထောင်စု ၁၀ စုကျော်သည် ပြောင်းဖူးအထွက်နှုန်း ၆ တန် ကျော် ရှိသည်၊၊ သစ်ပင်များပေါ်၊ အိမ်ရှေ့၊ အိမ်နောက် ဖေးကိုကြည့်လျှင် နေရာတိုင်းလိုလို ရွှေဝါရောင်ဖြစ်နေသည်။ နေလှန်း ထားသော ပြောင်းဖူးများသည် မာလွန်ကျေးရွာအုပ်စု၏ ထူးခြားလှပသော ကောက်ပဲသီးနှံရိတ်သိမ်းခြင်း ရှုခင်းတစ်ကွက် ဖြစ်နေပါ သည်။