ယူနန်ပြည်နယ်သည် ချစ်မြတ်နိုးဖွယ် ရွှေခြည်မွေးမျောက်များအတွက် နေသာထိုင်သာရှိသော ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်နေ

2020-12-24 15:31:10 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံယူနန်ပြည်နယ်၏ အနောက်မြောက်ပိုင်း၊ တိဗက်ဒေသ၏ အရှေ့တောင်ပိုင်းရှိပထဝီ အနေအထားမြင့်မားပြီး ရာသီဥတုအေးမြသည့် တောရိုင်းအတွင်းချစ်စဖွယ်ကောင်းလှသော ရွှေခြည်မွေးမျောက်များနေထိုင်ကြပါသည်။ ယူနန်ရွှေခြည်မွေးမျောက်များသည် တရုတ်နိုင်ငံတွင်တစ်ခု တည်းသော မျိုးသုန်းရန်အန္တရာယ်ရှိသည့် တိရစ္ဆာန်မျိုးစိတ်ဖြစ်ပြီး အကောင်ရေ ၃၀၀၀ ဝန်းကျင် သာရှိပါသည်။ တရုတ်နိုင်ငံ၏ နိုင်ငံတော်ပထမအဆင့်ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်ဖြစ် သကဲ့သို့ ကမ္ဘာ့သဘာဝကာကွယ်ရေးမဟာမိတ်အဖွဲ့ (International Union for Conservation of Nature,IUCN) ၏ အနီရောင်မှတ်တမ်းအတွင်းပါမျိုးသုန်းရန်အန္တရာယ်ရှိသည့် တိရစ္ဆာန်မျိုးစိတ်လည်း ဖြစ်ပါသည်။

“မျောက်တွေကသစ်ပင်ပေါ်မှာ နေထိုင်လေ့ရှိတယ်။ သစ်ပင်ပေါ်မှာ ရွှေ့ပြောင်းလှုပ်ရှားလေ့ရှိတယ်။ အရင်ကသူတို့နေထိုင်ရာနေရာအကြားမှာ ရှိတဲ့ ရွှေ့ပြောင်းလမ်းပေါ်သစ်ပင်တွေ ဖျက်ဆီးခံခဲ့ရပြီး နေထိုင်ရာနေရာတစ်ချို့ပျက်စီးခဲ့ပါတယ်”ဟု သက်ဆိုင်ရာဝန်ထမ်းတစ်ဦးကပြောဆိုခဲ့ပါသည်။ ရွှေခြည်မွေးမျောက်တို့၏ နေထိုင်ရာနေရာကို ပြန်လည်ပြုပြင်ပြီးထိန်းသိမ်းကာကွယ်ရန် ၂၀၁၉ ခုနှစ်ဇူလိုင်လတွင် ယူနန်ပြည်နယ်သည်ရှန်ဂရီလာမြို့တွင် ရွှေခြည်မွေးမျောက်ကာကွယ်ထိန်းသိမ်း ရေးကွန်ရက်ကို တည်ဆောက်ခဲ့ပါသည်။

“ရွှေခြည်မွေးမျောက်ကာကွယ်ထိန်းသိမ်းရေးကွန်ရက်တည်ဆောက်ရာမှာ ပရဟိတအဖွဲ့အစည်းတွေ ပါဝင်ထောက်ပံ့ဖို့လည်း ခေါ်ယူခဲ့ပါတယ်။ ရွှေခြည်မွေးမျောက်တို့ရဲ့ နေထိုင်ရာနေရာတွေကိုချိတ်ဆက်ဖို့ အတွက် ရင်းနှီးမြုပ်နှံငွေ ၁၀ သန်းကျော်နဲ့ ဧက ၁၀၀၅ ခန့် ကျယ်ဝန်းတဲ့ သစ်ပင်စင်္ကြံကို တည်ဆောက်ပြီးစီးခဲ့ပါတယ်။”

ယခုနှစ်ဒီဇင်ဘာလအထိ၊ ယူနန်ရွှေခြည်မွေးမျောက် ကာကွယ်ထိန်းသိမ်းရေးကွန်ရက် တည်ဆာက်ခြင်း တွင် ပါဝင်သည့်အဖွဲ့အစည်း၂၆ ခုရှိလာပြီး ရန်ပုံငွေတရုတ်ယွမ်ငွေ ၁၉ သန်းကို စုစည်းရရှိကာ ရွှေခြည် မွေးမျောက်များအတွက် ပိုမိုကောင်းမွန်သည့် နေထိုင်မှုပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ပေးနေ သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006