ဝေရှီး ရေခဲစပျစ်သီး အထွက်တိုး

2020-01-03 18:33:44 |သတင်းအရင်းအမြစ် 云南日报

လတ်တလောရက်ပိုင်းတွင် ယူနန်ပြည်နယ် ဝေရှီးလီဆူးတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် ဆီးနှင်းကျလာပြီး ရေခဲစပျစ်သီးများမှည့်ကာ ဆွတ်ခူးချိန်လည်း ရောက်လာပါသည်။ လွန်ခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ကြည့်လျှင် တစ်ခရိုင်လုံး၏ စပျစ်သီးအထွက်နှုန်းပမာဏမှာ ၂၀% တိုးမြင့်လာမည်ဟု ခန့်မှန်းထားပါသည်။

စပျက်သီးခြံဝင်လိုက်သည်နှင့် စပျစ်သီးရနံ့သင်းပျံ့နေပါသည်။ ပေါင်ဟယ်မြို့နယ် လန်ယွန်ကျေးရွာ ရွာသားလီကျွင်းသည် ရယ်ရယ်မောမောမိတ်ဆက်ရာ “ဒီစပျစ်သီးအစည်းကို ကြည့်ပါဦး။ ဒီနှစ်မှာ အထွက်နှုန်းက ကောင်းလိုက်တာ။”ယနှစ်တွင် ရေခဲစပျစ်သီးကို တရုတ်ဧက ၈ ဧကစိုက်ထားပြီး စနစ်တကျစီမံသောကြောင့် အထွက်နှုန်းမြင့်မားပြီး ၁ ဧကလျှင် တရုတ်ယွမ်ငွေ ၆၅၀၀ ရရှိကာ ယခုနှစ်တွင် ရေခဲစပျစ်သီးတစ်မျိုးတည်းမှ ဝင်ငွေသည် ၅ သောင်းခန့် ရရှိနိုင်ကြောင်း သူက ဆက်ပြောသည်။

၁၀ နှစ်ကျော်ကြာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် ဝေရှီးဆိုင်ရာ ရေခဲဝိုင်လုပ်ငန်းသည် အခြေခံအတိုင်းအတာရှိလာပြီး လက်ရှိတွင် စိုက်ပျိုးမှုမှာ တရုတ်ဧက ၇၀၀၀ ဝန်းကျင်ရှိကြောင်း သတင်းအရသိရပါသည်။ ဒေသခံဦးဆောင်သော ကုမ္ပဏီလုပ်ငန်းဖြစ်သည့် ယူနန်ဇန့်တိထိန်းရှမ်းဝိုင်းကုမ္ပဏီသည် “ကုမ္ပဏီ + စခန်း + လယ်သမားအိမ်”စနစ်ကိုကျင့်သုံးပြီး အခြေခံအာမခံဈေးနှုန်းဖြင့် ဝယ်ရာဈေးကွက်ဈေးနှုန်းထက် ၁၀% ပိုမိုပြီး တစ်ဦးလျှင် ပျမ်းမျှဝင်ငွေ ၅၀၀၀ ကျော်ရရှိနိုင်ပါသည်။

သတင်းထောက်။ ။ကျန်းဖန်း၊ ရှောင်းကျိရှုန် (ယူနန်နေ့စဉ်သတင်းစာ)