မုန့်တင့် ချင်းရွှေဟယ် နယ်စပ်ဂိတ်တွင် “ချိုမြိန်လုပ်ငန်း”အတွက် အစိမ်းရောင်လမ်းကြောင်းဖြင့် ဆောင်ရွက်ပေးနေ

2020-02-24 17:12:59 |သတင်းအရင်းအမြစ် 云南日报

ကူမင်းအကောက်ခွန်ဌာနအောက်ရှိ မုန့်တင့်အကောက်ခွန်ဌာနသည် ချင်းရွှေဟယ် နယ်စပ်ဂိတ်တွင် ကြံကုန်တင်ကားများအတွက် အစိမ်းရောင်လမ်းကြောင်းကို ဖွင့်လှစ်ပေးပြီး သီးသန့်စစ်ဆေးရေးစခန်းကို တည်ထောင်ထားကာ ကြံကုန်တင်ကားများကို စစ်ဆေးပိုးသတ်သည့်အပြင် ယာဉ်မောင်းများကိုလည်း ခန္ဓာကိုယ်အပူချိန်တိုင်းစစ်ဆေးခြင်းစသည့် ကျန်းမားရေးဆိုင်ရာစစ်ဆေးချက်ကို ဆောင်ရွက်နေပါသည်။ ကြံကုန်တင်ယာဉ်မောင်းများစွာသည် မြန်မာနိုင်ငံသားများဖြစ်သောကြောင့် အကောက်ခွန်ဌာနအရာရှိများသည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ထားသောကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရေးပညာကို ရှင်းပြပြောကြားပေးပြီး ယာဉ်မောင်းများအတွက် နှာခေါင်းစည်းကိုစီစဉ်ပေးပါသည်။ မုန့်တင့်အကောက်ခွန်ဌာနသည် ကြံသွင်းကုန်လုပ်ငန်းအတွက် အစိမ်းရောင်လမ်းကြောင်းကို ဖွင့်လှစ်ပေးထားပြီး “ချိုမြိန်လုပ်ငန်း”အတွက် ကာကွယ်ဆောင်ရွက်နေပါသည်။

မုန့်တင့် နန်ဟွာသကြားကုမ္ပဏီသည် ၂၀၂၀ ခုနှစ်မှစ၍ ယခုချိန်အထိ ကြံတန်ချိန်ပေါင်း ၁.၁၆ သိန်းကို သွင်းလာပါသည်။ “နယ်စပ်ဖြတ်ကျော်ရေးက အရမ်းအဆင်ပြေတယ်။ ကုမ္ပဏီဖွံ့ဖြိုးရေးအတွက် ပိုမိုကောင်းမွန်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”ဟု မုန့်တင့် နန်ဟွာသကြားကုမ္ပဏီအထွေထွေမန်နေဂျာ လော်ရှိရန်က “ချိုမြိန်လုပ်ငန်း”အတွက် ယုံကြည်စိတ်အပြည့်ဖြင့် ပြောပါသည်။

သတင်းထောက် ။ ။ လျူဇီယွီ (ယူနန်နေ့စဉ်သတင်းစာ)