ယူနန်ပြည်နယ်ရှိ “တစ်ဆယ်နှစ်ထပ်ကွမ်း”(အဆင့်မြင့်အဓိက)စီမံကိန်းများ ထုတ်ပြန်

2020-02-27 16:09:57 |သတင်းအရင်းအမြစ် 云桥网

လတ်တလောရက်ပိုင်းတွင် ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီသည် ပြည်သူများနှင့်မီဒီယာများအား ယူနန်ပြည်နယ်၏ အခြေခံအဆောက်အဦး “တစ်ဆယ်နှစ်ထပ်ကွမ်း”အဓိကစီမံကိန်းများအကြောင်းအရာကို မိတ်ဆက်ပေးကြောင်း သတင်းအရသိရပါသည်။

“တစ်ဆယ်နှစ်ထပ်ကွမ်း”အဓိကစီမံကိန်းများသည် ယူနန်ပြည်နယ်၏ စီးပွားရေးနှင့် လူမှုရေးဖွံဖြိုးတိုးတက်မှုတွင် ထင်ရှားသော ပံ့ပိုးမှုနှင့်ဦးဆောင်မှုရှိသော အခြေခံအဆောက်အဦးများပါဝင်ပြီး ဆောက်လုပ်ဆဲစီမံကိန်းများ၏ ရင်းနှီးမြှုပ်နှံငွေစုစုပေါင်း ၁.၆ ထရီလီယံရှိသည်။ စီမံကိန်းတစ်ခုတည်း၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀ ဘီလီယံထက်မနည်းရှိပြီး လက်ရှိအချိန်တွင် စီမံကိန်းအသီးသီးသည် တိုးတက်ကောင်းမွန်စွာ ပုံမှန်လည်ပတ်နေကြောင်း သတင်းအရသိရပါသည်။

၁။ ယူနန်ပြည်နယ်အလယ်ပိုင်းဒေသဆိုင်ရာ ရေပေးဝေရေးစီမံကိန်း

ဤစီမံကိန်းသည် အဆင့် ၂ ဆင့်ဖြင့် တည်ဆောက်ရန် သတ်မှတ်ထားပါသည်။ ပထမအဆင့်တွင် မြို့ပြဘဝနှင့်စက်မှုလုပ်ငန်းအတွက် သောက်သုံးရေပေးဝေခြင်းကို အဓိကဆောင်ရွက်ပြီး လိကျန်း၊ တာ့လီ၊ ချူရွှံ၊ကူမင်း၊ ယွိရှီး၊ဟုန်ဟယ်စသည့် ပြည်နယ်ခွဲ(မြို့) ၆ ခုရှိ ခရိုင်(မြို့၊ရပ်ကွက်) ၃၅ ခုအတွက် သောက်သုံးရေပေးဝေမည် ဖြစ်ကာ စုစုပေါင်းအရှည်မှာ ၆၆၁.၀၆ ကီလိုမီတာရှိပါသည်။ ဒုတိယအဆင့်တွင် သောက်သုံးရေစီစဉ်ခြင်း၊ သောက်သုံးရေပို့ဆောင်ခြင်း၊ သောက်သုံးရေသိုလှောင်ခြင်းအပိုင်း ၃ ပိုင်းပါဝင်ပြီး စီမံကိန်းတစ်ခုလုံး၏ ရင်းနှီးမြှုပ်နှံငွေစုစုပေါင်းမှာ ၁၁၃.၅ ဘီလီယံဖြစ်သည်။ စီမံကိန်းအား ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် အပြီးသတ်နိုင်ရန် စီစဉ်ထားကြောင်းသတင်းအရသိရပါသည်။

၂။ ချွံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်း

မြန်နှုန်းမြင့်ရထားလမ်းကြောင်းစုစုပေါင်းအရှည်မှာ ၆၉၉ ကီလိုမီတာ (ယူနန်ပြည်နယ်အတွင်း ၃၈၈.၃ ကီလိုမီတာဝန်းကျင်ရှိ) ရှိပြီး သတ်မှတ်ထားသော မြန်နှုန်းမှာတစ်နာရီလျှင် ၃၅၀ ကီလိုမီတာရှိကာ အဓိကလမ်းကြောင်းအရှည်မှာ ၆၉၉ ကီလိုမီတာ (ယူနန်ပြည်နယ်အတွင်း ၃၈၈.၃ ကီလိုမီတာဝန်းကျင်ရှိ)ရှိကြောင်း သတင်းအရသိရပါသည်။ စီမံကိန်းတစ်ခုလုံး၏ ရင်းနှီးမြှုပ်နှံငွေစုစုပေါင်းမှာ ၁၄၁.၆၂ ဘီလီယံ (ယူနန်ပြည်နယ်အတွင်း ၈၇.၃၄ ဘီလီယံဝန်းကျင်) ရှိပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စတင်တည်ဆောက်ကာ ၂၀၂၅ ခုနှစ်တွင် အပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။

၃။ ယွိရှီး-မော်ဟန်း မီးရထားလမ်းစီမံကိန်း

မီးရထားလမ်းကြောင်းတစ်ခုလုံးသည် ၅၀၇ ကီလိုမီတာရှိပြီး သတ်မှတ်ထားသော မြန်နှုန်းမှာ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာရှိကာ စီမံကိန်းတစ်ခုလုံး၏ ရင်းနှီးမြှုပ်နှံငွေစုစုပေါင်းမှာ ၅၁.၆ ဘီလီယံရှိသည်။ စီမံကိန်းကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။

၎။ “ပေါက်ရောက်နိုင်သမျှ နေရာအားလုံးလမ်းဖောက်ခြင်း”စီမံကိန်း

၂၀၁၉ ခုနှစ်နှစ်ကုန်တွင် ယူနန်ပြည်နယ်ရှိ ခရိုင်အဆင့် မြန်နှုန်းမြင့်အဝေးပြေးကားလမ်းစီမံကိန်းအခု ၃၀ ပြီးစီးခဲ့ပြီး မြန်နှုန်းမြင့်အဝေးပြေးကားလမ်းကြောင်းစုစုပေါင်း၂၀၂၀ကီလိုမီတာရှိလာကာ၆၀၁ဘီလီယံရင်းနှီးမြှုပ်နှံထားသည်။၂၀၂၃ခုနှစ်တွင် မြန်နှုန်းမြင့်အဝေးပြေးကားလမ်းအရှည် ၇၁၈၆ ကီလိုမီတာအား အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေမှာ စုစုပေါင်း ၁၀၅၆ ဘီလီယံရှိကြောင်း သတင်းအရသိရပါသည်။

၅။ ကူမင်းလေယာဉ်ကွင်းတိုးချဲ့ပြုပြင်တည်ဆောက်ခြင်းစီမံကိန်း

ကူမင်းချန်ရွှေအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းတွင် လေယာဉ်ပြေးလမ်းအသစ် ၃ လမ်းတည်ဆောက်ခြင်း၊ စတုရမ်းမီတာ ၈.၅ သိန်းရှိ S2နှင့်T2 terminal ကို အသစ်တည်ဆောက်ခြင်း၊ စတုရမ်းမီတာ ၈ သောင်းရှိ T2 အထွေထွေသယ်ယူဆက်သွယ်ရေးစင်တာအသစ်တည်ဆောက်ရန်နှင့် ဆက်စပ်အထောက်အကူပြုပစ္စည်းတပ်ဆင်မှုတိုးတက်ရန် စီစဉ်ပြုပြင်ခြင်းလုပ်ငန်းကို လုပ်ဆောင်မည်ဖြစ်ပြီး စီမံကိန်းရင်းနှီးမြှုပ်နှံငွေစုစုပေါင်းမှာ ၈၆.၄ ဘီလီယံရှိသည်။ စီမံကိန်းကို ၂၀၂၀ ခုနှစ်အတွင်း စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။

၆။ ကန်တော် ၉ ခုကာကွယ်စောင့်ရှောက်ရေးစီမံကိန်း

ကန်တော် ၉ ခုကာကွယ်စောင့်ရှောက်ရေးစီမံကိန်းတွင် ကုန်းမြင့်ဒေသရှိ ကန်တော် ၉ ခု၏ မြစ်ဝှမ်းဒေသဆိုင်ရာရေညစ်နှင့်အမှိုက်ကို စုစည်းဖြေရှင်းခြင်း၊ ရေကြောင်းဇီဝဂေဟစနစ်စီမံခန့်ခွဲခြင်း၊ ရေအရင်းအမြစ်စီစဉ်ဖြည့်စွက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပြုပြင်ခြင်း၊ စိမ့်မြေတည်ဆောက်ခြင်း၊ အရင်းအမြစ် ပြန်လည်အသုံးပြုခြင်းစသည့်စီမံကိန်းများပါဝင်ပါသည်။ စီမံကိန်းရင်းနှီးမြှုပ်နှံငွေစုစုပေါင်းမှာ ၆၇.၇ ဘီလီယံရှိပြီး ၂၀၁၇ ခုနှစ်ကစတင်တည်ဆောက်ခဲ့ကာ ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ည်ဆောက်မည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။

၇။ ဒေသဆိုင်ရာ ဆေးဝါးကုသရေးစင်တာစီမံကိန်း

ဒေသဆိုင်ရာ နိုင်ငံတော်အဆင့် နှလုံးသွေးကြောရောဂါကုသရေးစင်တာ ၁ ခု၊ ဒေသဆိုင်ရာ နိုင်ငံတော်အဆင့် အသက်ရှူလမ်းကြောင်းရောဂါကုသရေးစင်တာ ၁ ခု၊ ဒေသဆိုင်ရာ ပြည်နယ်အဆင့် ဆေးဝါးကုသရေးစင်တာ ၄ ခုကို တည်ဆောက်နေပြီး စီမံကိန်းရင်းနှီးမြှုပ်နှံငွေစုစုပေါင်းမှာ ၃၁.၄ ဘီလီယံရှိသည်။ စီမံကိန်းသည် ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အပြီးသတ်တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။

၈။ ကူမင်း နိုင်ငံတော်အဆင့် ပစ္စည်းပို့ဆောင်ရေးစင်တာစီမံကိန်း

နိုင်ငံတော်၏ လိုအပ်ချက်အရ ကူမင်းမြို့ကို ကုန်းတွင်းဆိပ်ကမ်း၊ လေဆိပ်၊ ကုန်သွယ်ရေးဝန်ဆောင်မှုအမျိုးအစားနိုင်ငံတော်အဆင့် ပစ္စည်းပို့ဆောင်ရေးစင်တာကို တည်ဆောက်ပြီး အချက်အချာမြို့များနှင့် တောင်အာရှ၊ အရှေ့တောင်အာရှကို ဆက်သွယ်နိုင်သည့်စင်တာကို တည်ဆောက်နေပြီး စီမံကိန်းရင်းနှီးမြှုပ်နှံငွေစုစုပေါင်းမှာ ၃၅ ဘီလီယံရှိသည်။ စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် အပြီးသတ်တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။

၉။ ဝူးတုန်းတယ် လျှပ်စစ်စက်ရုံလျှပ်စစ်ဓာတ်အား ပို့ဆောင်ရေးစီမံကိန်း

ဤစီမံကိန်းသည် နိုင်ငံတော်၏ အနောက်ဘက်မှ လျှပ်စစ်ဓာတ်အားကို အရှေ့ဘက်သို့ ပို့ဆောင်ပေးသောစီမံကိန်းဖြစ်ပြီး နိုင်ငံတော်အဆင့် ဗို့အားမြင့် Multi-terminal DC transmission စံပြစီမံကိန်းလည်း ဖြစ်ပါသည်။ ပေးပို့သောပမာဏမှာ ကီလိုဝပ်သိန်း ၈၀ ရှိပြီး စီမံကိန်းရင်းနှီးမြှုပ်နှံငွေစုစုပေါင်းမှာ ၂၄.၂၅ ဘီလီယံရှိသည်။ စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လတွင် လျှပ်စစ်ဓာတ်အားပို့ဆောင်နိုင်မည်ဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် အပြီးသတ်တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။

၁၀။ တာ့လီ-ရွှေလီ မီးရထားလမ်းစီမံကိန်း

တာ့လီ-ရွှေလီ မီးရထားလမ်းသည် အာရှတိုက်အနောက်ဘက်ဆိုင်ရာ တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာ မီးရထားလမ်းကြောင်းအတွက် အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါသည်။ သတ်မှတ်ထားသော မြန်နှုန်းမှာ တစ်နာရီလျှင် ၁၄၀ ကီလိုမီတာရှိပြီး စုစုပေါင်းအရှည်မှာ ၃၃၀ ကီလိုမီတာရှိသည်။ စီမံကိန်းရင်းနှီးမြှုပ်နှံငွေစုစုပေါင်းမှာ ၂၅.၇၃ ဘီလီယံရှိပြီး တာ့လီမှ ပေါင်စမ်းအထိ လမ်းကြောင်းသည် ၂၀၀၈ ခုနှစ် ဇွန်လတွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၂၁ ခုနှစ်မှာ အပြီးသတ်တည်ဆောက်ပြီးစီးမည်ဖြစ်ပြီး၊ ပေါင်စမ်းမှ ရွှေလီအထိ လမ်းကြောင်းသည် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၂၃ ခုနှစ်တွင် အပြီးသတ်တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။

ထို့အပြင် ယူနန်ပြည်နယ်သည် နယ်စပ်ဒေဆိုင်ရာ မီးရထားလမ်း၊ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကွန်ရက်၊ စမတ်လျှပ်စစ်ကွန်ရက်၊ ယူနန်ပြည်နယ်အလယ်ပိုင်းဒေသမီးရထားလမ်း၊ ယူနန်ပြည်နယ် အနောက်ပိုင်းဒေသဆိုင်ရာ ခရီးသွားလမ်းကြောင်းစသည့်စီမံကိန်းကိုလည်း စီစဉ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။