၂၀၁၉ ခုနှစ်တွင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ သဘာဝဓာတ်ငွေ့တင်သွင်းမှုပမာဏသည် ကုဗမီတာ ၅ ဘီလီယံရောက်ရှိလာကြောင်း ကူမင်းအကောက်ခွန်ဌာနမှ စာရင်းအရ သိရပါသည်။
တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ အစမှာ မြန်မာနိုင်ငံမှ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းအရှည်စုစုပေါင်းကီလိုမီတာ ၇၀၀ ကျော်ရှိပါသည်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့်ရေနံပိုက်လိုင်းသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် ဇွန်လတွင် အသီးသီးအောင်မြင်စွာပြီးစီးခဲ့သည်။ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် တရုတ်နိုင်ငံသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ပို့ဆောင်သည့်အပြင် စီမံကိန်းသည် မြန်မာနိုင်ငံ၏ အရေးကြီးသော စွမ်းအင်အရင်းအမြစ်ဖြစ်ပြီး မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း သန့်ရှင်းသောစွမ်းအင်အမြောက်အမြားကို ထောက်ပံ့ပေးသည်။
ရွှေလီအကောက်ခွန်ဌာန၏ ၄ နှစ်ဆက်တိုက်ကောက်ယူသော သဘာဝဓာတ်ငွေ့ ၁၄၆၄ နမူနာစံပြအချက်အလက် စစ်ဆေးခြင်းအရ သွင်းယူလာသော သဘာဝဓာတ်ငွေ့ဆိုင်ရာမီသိန်း (methyl hydride)ပမာဏသည် ၉၉.၅% ကျော်ရှိပြီး ကန့်ပါပြဒ်ပေါင်းစသည့်အန္တရာယ်ရှိပစ္စည်းပမာဏမှာ စည်းကမ်းချက်များအတိုင်းမပါရှိသဖြင့် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပို့ဆောင်လာသော သဘာဝဓာတ်ငွေ့သည် အရည်အသွေးမြင့်မားကောင်းမွန်နေကြောင်း သတင်းအရသိရပါသည်။