တရုတ်နိုင်ငံက စီးပွားရေးပတ်ဝန်းကျင်တိုးမြှင့်ရန် လမ်းညွှန်ချက် ထုတ်ပြန်

2020-07-22 16:12:51 |သတင်းအရင်းအမြစ် 新华网

ပေကျင်း ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင် နှင့် ဈေးကွက်အဖွဲ့အစည်းကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု ပေးနိုင်ပြီး ဆက်လက် တိုးတက်စေရန် ဇူလိုင် ၂၁ ရက်တွင် နိုင်ငံတော်ကောင်စီက လမ်းညွှန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ လမ်းညွှန်ချက်တွင် နိုင်ငံခြားကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံး စီးပွားရေး ပတ်ဝန်း ကျင်နှင့် ယေဘုယျအားဖြင့် စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းစဉ်များ နှင့် အခြေအနေများအား ပိုမိုလွယ်ကူသော ခွင့်ပြုချက် ၊ ဆောက်လုပ်ရေး စီမံကိန်းများ နှင့် ၎င်းတို့၏ ငွေကြေးထောက်ပံ့မှုအတွက် ပိုမိုလွယ်ကူထိရောက်သော ခွင့်ပြုချက် လုပ်ထုံးလုပ်နည်းများ အပါအဝင် မူဝါဒများ နှင့် အစီအမံများ ၆ မျိုးကို ဖော်ပြထားသည်။

အလုပ်အကိုင် နှင့် စီးပွားရေးစွမ်းဆောင်မှုများအတွက် ထောက်ပံ့မှု၊ စီးပွားရေးလုပ်ငန်းများအား ထောက်ပံ့ ပေးထားသည့် ဝန်ဆောင်မှုများ၏ အရည်အသွေး နှင့် ထိရောက်သော တိုးတက်မှု နှင့် စီးပွားရေး-ပတ်ဝန်းကျင် တိုးတက်မှုအတွက် ရေရှည်ယန္တရားတို့ကို အဓိက ဖော်ပြထားကြောင်းလည်း သိရသည်။

အထူးသဖြင့် အခြားသူများအကြား ပညာရေး ၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ နှင့် အားကစား ကဏ္ဍများ အတွက် ဈေးကွက်ဝင်ခွင့် သတ်မှတ်အဆင့်ကို ထပ်မံလျှော့ချသင့်ကြောင်း နှင့် ကျိုးကြောင်းဆီလျော်မှု မရှိသော အတားအဆီးများအား ဖယ်ရှားသင့်ကြောင်း လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။

ထိုအတောအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ မှတ်ပုံတင်ရန် ပြဌာန်းထားသော ဒေသအဆင့် သို့မဟုတ် အထက် မြို့ကြီးများ ကမ်းလှမ်းခြင်းကဲ့သို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများအတွက် လုပ်ငန်းလည်ပတ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုအတားအဆီးများ ထပ်မံ ဖယ်ရှားရေးတို့ကို ဖော်ပြထားကြောင်း သိရသည်။ (Xinhua)