တောရှိုင်းမှိုများသည် အရသာကောင်းမွန်သော်လည်း ကြီးထွားမှုသဘာဝပတ်ဝန်းကျင်သည် လိုအပ်ချက် တင်းကြပ်လှပါသည်။ ညစ်ညမ်းမှုမရှိရန်လိုအပ်ပြီး လူသားမှ ဝင်စွက်ဖက်ခြင်းလည်း မပြုရပါ။ နှစ်စဉ် မိုးရွာသီကာလတွင် တောရှိုင်းမှိုများရရှိသောကာလဖြစ်သည်။ ယူနန်ပြည်နယ် တီချင့်တိဗက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ဒေသခံရွာသူရွာသားများအနေဖြင့် ယခင်က တောင်ပေါ်မြေဆီလွှာ ပျက်စီးသည်ထိ အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး ယခုအချိန်တွင်မူ အတွေးအမြင် ပြောင်းလဲလာကာ တောတောင် ဇီဝဂေဟစနစ်ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ရင်း စီးပွားရေး ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရှာဖွေခဲ့ သည်။ တောရှိုင်းမှိုကြောင့် စီးပွားရေးဖြစ်ထွန်းလာပြီး စားဝတ်နေရေးလည်း ပိုမိုအဆင်ပြေကာ ချမ်းသာ လာပါသည်။
တီချင့်ဒေသ ရှန်ဂရီလာမြို့ ရှောင်ကျုံတျိန်မြို့နယ်ရှိ ဟော်ဖျင်ရွာသည် တောင်တန်းများ ဝိုင်းရံထားပြီး စိမ်းလန်းစိုပြေသော သစ်တောရှိပါသည်။ တောင်ကြားတွင် တောရိုင်းပန်းပွင့်များလည်း ဖူးပွင့်နေကြ သည်။
“ကျွန်တော်တို့က ရွာတွင်းစည်းကမ်းသတ်မှတ်ချက်တွေကို ထုတ်ပြန်ခဲ့တယ်။ သစ်တစ်ပင်မှ ခုတ်ခွင့် မပေးဘူး။ စိမ်းလန်းသောရေနှင့်တောင်တန်းတွေကို ကျွန်တော်တို့ရဲ့သားစဉ်မြေးဆက်ထိ အမွေပေးခဲ့ မယ်” ဟု ဟော်ဖျင်ရွာ လားကျားအဖွဲ့မှ အဖွဲ့မှူးဖြစ်သူ ကယ်ယုံဝမ်းကျားက ပြောသည်။ “အခုအချိန်မှာ ဇီဝဂေဟသဘာဝပတ်ဝန်းကျင်က ကောင်းမွန်လာလို့ ထင်းရှူးမှိုလည်း ပိုမိုပေါကြွယ်လာတယ်။ နောက် တစ်ချက်က အခု သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအခြေအနေလည်း အဆင်ပြေလာပြီ။ ဒါကြောင့် ထင်းရှူးမိုက ရွာအိမ်ထောင်စုတိုင်းရဲ့ အဓိက ဝင်ငွေရရှိဖို့လမ်းကြောင်း ဖြစ်လာတယ်။ ထင်းရှူးမိုကြောင့် နှစ်စဉ်ဝင်ငွေ အနည်းဆုံး တရုတ်ငွေ ယွမ် ၁ သောင်း ရရှိနိုင်ကြတယ်” ဟု သူက ဆက်လက်ပြောသည်။
“အရင်က တောတောင်ကို အမှီပြုပြီးနေထိုင်ကြပေမယ့် တောင်တွင်းသယံဇာတများ ပျက်စီး ဆုံးရှုံးသွား အောင်ထိ စီးပွားရှာခဲ့တယ်။ တောင်ပေါ်သယံဇာတအရင်းအမြစ်တွေက တစ်နေ့တခြား ကုန်ခန်းလာပြီး ကျွန်တော်တို့တစ်တွေလည်း အချိန်နဲ့အမျှ ပိုဆင်းရဲလာတယ်။ အခုဆိုရင် ကျွန်တော်တို့က တောတောင် ကို မှီခိုနေထိုင်ပြီး တောင်တွင်းသယံဇာတ အရင်းအမြစ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေတာကြောင့် ကျွန်တော်တို့က တောတောင်ကို ကောင်းကောင်း ကာကွယ်စောင့်ရှောက်တယ်။ ထင်းရှူးမှို ရှာဖွေခြင်း အပြင် အစိုးရကလည်း သစ်တောပြုပြင်ပြောင်းလဲခြင်းနဲ့ မြက်ခင်းပြင်အတွက် ထောက်ပံ့ငွေပေးတယ်”ဟု ရွာသားချင်းသန်းက သတင်းထောက်အား ပြောပြသည်။ သူသည် ချေးငွေဖြင့် ကုန်တင်ကားတစ်စီးဝယ်ခဲ့ ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ဆောင်ရွက်နေကာ သူ၏ဇနီးသည် တောတောင်ကြားတွင် ထင်းရှူး မှိုနှင့် အမျိုးမျိုးသောမှိုများကို ရှာဖွေရောင်းချနေသည်။ နှစ်စဉ် ချေးငွေ ပြန်ဆပ်ပြီးနောက် တရုတ်ယွမ် ၃ သောင်း ကျန်သေးသည်။ “လာမယ့်နှစ် ၃ လပိုင်းမှာ ချေးငွေအကုန် ပြန်ဆပ်နိုင်မယ်။ အဲဒီအချိန်ရောက်ရင် ကျွန်တော်တို့ရဲ့ဘဝက ပိုကောင်းလာမယ်”ဟု သူသည် သူ၏အနာဂတ်ဘဝ ယုံကြည်စိတ်အပြည့်ဖြင့် ပြောကြားခဲ့သည်။
ရှန်ဂရီလာသည် တရုတ်နိုင်ငံအတွင်းရှိ တောရှိုင်းထင်းရှူးမှို အဓိကထွက်သောဒေသဖြစ်ပြီး ထိုနေရာမှ ထွက်သော ထင်းရှူးမှိုသည် အရည်အသွေးကောင်းမွန်လှကာ နှစ်စဉ်ပြည်ပသို့တင်ပို့ရန် ပမာဏ လိုအပ် သလောက် မဖြည့်ဆည်းနိုင်ပါ။ ထိုဒေသမှထွက်သော ထင်းရှူးမှိုသည် တရုတ်တစ်ပြည်လုံး၏ ၄၀ ရာခိုင်နှုန်း၊ ယူနန်ပြည်နယ်တွင်း၏ ၆၅ ရာခိုင်နှုန်းအထက်ရှိကြောင်း သတင်းအရ သိရပါသည်။