လာမည့် ၁၅ နှစ်အတွင်း ယူနန်ပြည်နယ်၏ ထုတ်လုပ်ရေးလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်

2020-08-26 18:12:35 |သတင်းအရင်းအမြစ် 云桥网

ကုန်ထုတ်လုပ်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အင်အား ကြီးထွားလာရေးအတွက်လည်း အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါသည်။ ထို့ပြင် နိုင်ငံနှင့်ဒေသတစ်ခုအနေဖြင့် ဘက်စုံအင်အားနှင့် ယှဉ်ပြိုင်နိုင်စွမ်းနယ်ပယ်၏ အရေးကြီးသော အကြောင်းရင်းတစ်ခု ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ယူနန်ပြည်နယ်ထုတ်လုပ်ရေး၏ ဝင်ငွေတန်ဖိုးသည် တရုတ်ငွေယွမ် ၁.၂ ထရီလီယံ (ဒေါ်လာ ၁၇၃.၅၂ ဘီလီယံ)ဝန်းကျင်ရှိပြီး တစ်ပြည်နယ်လုံး စက်မှုလုပ်ငန်း၏ ၈၁.၅% ကို ရောက်ရှိကာ တရုတ် နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် တည်ရှိသော ယူနန်ပြည်နယ်၏ စီးပွားရေး၏ အဓိက အစိတ် အပိုင်းဖြစ်သည်။

ကုန်ထုတ်လုပ်ရေးကို အရှိန်တိုးမြှင့်ဖွံ့ဖြိုးစေခြင်းသည် စီးပွားရေးလုပ်ငန်းများ၊ နည်းပညာဆန်းသစ် တီထွင်ခြင်း၊ ခေတ်သစ်ဘဏ္ဍရေး၊ လူစွမ်းအားအရင်းအမြစ် စသည့်လုပ်ငန်းများ အတူတကွ ဖွံ့ဖြိုး တိုးတက်စေနိုင်ပြီး အရည်အသွေးမြင့်သော ဖွံ့ဖြိုးရေးလမ်းကြောင်းသို့လည်း လှမ်းချီနိုင်ပါသည်။ ထို့ ကြောင့် ခေတ်သစ်စီးပွားရေးစနစ် တည်ဆောက်ခြင်း၏ အရေးကြီးသောအချက်သည် ကုန်ထုတ်လုပ် ရေးလုပ်ငန်းဖြစ်သည်။

အနာဂတ်တွင် ယူနန်ပြည်နယ်သည် ၎င်း

၏ကုန်ထုတ်လုပ်မှုလုပ်ငန်းကို မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်စေ မည်နည်း။

မကြာခင်ရက်ပိုင်းက ထုတ်ဝေကြေညာခဲ့သော “ခေတ်သစ်ကုန်ထုတ်လုပ်မှုစနစ်ကို အရှိန်တိုးမြှင့် ဖွံ့ဖြိုးရန် ဆုံးဖြတ်ချက်”အရ လာမည့် ၁၅ နှစ်တွင် ယူနန်ပြည်နယ်သည် ခေတ်သစ်ကုန်ထုတ်လုပ်ငန်း အပါအဝင် ကုန်ထုတ်လုပ်မှုတန်ဖိုး ထရီလီယံအထက်ရှိသည့် ပင်မလုပ်ငန်းရပ် ၅ ခုကို အလေးထား မွေးထုတ်ရန် စီစဉ်ထားပါသည်။

ယူနန်ပြည်နယ်၏ အလယ်ပိုင်းဒေသကို ဗဟိုဒေသအဖြစ် ခေတ်မီပစ္စည်းကိရိယာထုတ်လုပ်ရေးလုပ်ငန်း၊ စွမ်းအင်သစ်မော်တော်ယာဉ်၊ အီလက်ထရွန်နှင့်သတင်းအချက်အလက်၊ ရေနံနှင့်ဓာတုလုပ်ငန်း စသည့် လုပ်ငန်းရပ်များကို အစွမ်းကုန် အကောင်အထည်ဖော်ဆောင်ရွက်မည်။ ထို့အတူ စက်မှုလုပ်ငန်း အခြေခံ ကောင်းမွန်သည့်နေရာများတွင် ယူနန်ပြည်နယ်သည် သံထည်မဟုတ်သော သတ္တုနှင့် တစ်ဆင့်တိုး အချောကိုင်လုပ်ငန်း၊ စားသောက်ကုန်နှင့်စားသုံးကုန်လုပ်ငန်း စသည့် ခေတ်သစ်ကုန်ထုတ်လုပ်ငန်းများကို လည်း ကြိုးပမ်းအားထုတ်ဆောင်ရွက်မည်။

၂၀၂၅ ခုနှစ်တွင် ယူနန်ပြည်နယ်သည် ထုတ်လုပ်ရေးလုပ်ငန်း၏ အဓိကလုပ်ငန်းဖြင့် ရရှိသောဝင်ငွေသည် တရုတ်ငွေယွမ် ၁.၅ ထရီလီယံ (ဒေါ်လာ ၂၁၆.၉ ဘီလီယံ)ကို ရောက်ရှိမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တရုတ်ငွေယွမ် ၂.၉ ထရီလီယံ (ဒေါ်လာ ၄၁၉.၃၄ ဘီလီယံ)ကို ရောက်ရှိမည်။ ခေတ်သစ် ထုတ်လုပ်ရေးသည် ပြည်တွင်းစုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)၏ ၁၅% ကို ရောက်ရှိမည်။ ၂၀၃၅ ခုနှစ်တွင် ယူနန်ပြည်နယ်၏ ကုန်ထုတ်ပစ္စည်းကိရိယာထုတ်လုပ်ရေးအရည်အသွေးသည် တစ်ပြည်လုံး၏ ရှေ့တန်းသို့ ရောက်ရှိမည်ဖြစ်ပြီး အမျိုးသားအဆင့် ခေတ်သစ်ထုတ်လုပ်ရေးလုပ်ငန်းအုပ်စုတစ်ခု ဖြစ်ပေါ်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည်။

ယူနန်ပြည်နယ်သည် ကုန်ထုတ်လုပ်ရေးလုပ်ငန်းကို ဖွံ့ဖြိုးအောင် မည်ကဲ့သို့ဆောင်ရွက်မည်နည်း။

ယူနန်ပြည်နယ်သည် အစိမ်းရောင်စွမ်းအင်၏ အားသာချက်ကို အသုံးပြုပြီး အစိမ်းရောင်အလူမီနီယံ၊ အစိမ်းရောင်ဆီလီကွန် စသည့်ထုတ်လုပ်ရေးလုပ်ငန်းများကို အရှိန်တိုးမြှင့် ဖွံ့ဖြိုးဆောင်ရွက်သကဲ့သို့ 5G ၊ ဒေတာစင်တာ၊ AI  ပလက်ဖောင်း စသည့်အခြေခံအဆောက်အအုံသစ်ကိုလည်း အပူတပြင်း စီစဉ်မည်။ သိပ္ပံနည်းပညာဖြင့် ထုတ်လုပ်ရေးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်။ ထို့ပြင် ယူနန်ပြည်နယ်အတွင်း အဓိကရပ်ကွက်၊ အဓိကလုပ်ငန်းတို့က ခေတ်သစ်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ခေတ်သစ်ဝန်ဆောင်မှုလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း၊ ခေတ်သစ်ထုတ်လုပ်ရေးလုပ်ငန်းများဆိုင်ရာ အတတ်ပညာ ထူးချွန်သူများ ခေါ်ယူခြင်း၊ မွေးထုတ်ခြင်း၊ သက်ဆိုင်ရာစနစ်ပြောင်းလဲအဆင့်တိုးခြင်း စသည်တို့ကို ကောင်းမွန်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊ သယံဇာတ တရားနည်းလမ်းကျစွာ အသုံးပြုခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်း၊ သမားရိုးကျထုတ်လုပ်ရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ခြင်း စသည်တို့ကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။(Yunnan Gateway)