တရုတ်နိုင်ငံ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟဲထျန်သည် Taklamakan သဲကန္တရ တောင်ဘက် ခြမ်းတွင် တည်ရှိပြီးဆင်းရဲနွမ်းပါးသော ဒေသတစ်ခုဖြစ်သည်။
ယခုနှစ်များတွင် ဟဲထျန်ဒေသ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဖြင့် ဆင်းရဲနွမ်းပါးမှုလွတ်ကင်းအောင် အားထား ဆောင်ရွက်လျက်ရှိသည်။ လော့ဖူခရိုင်၊ချက်လဲ့ခရိုင် စသည့်ဒေသများတွင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး စီမံကိန်းများနှင့်အတူ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိရာ ဒေသအားသာချက် မွေးမြူရေးလုပ်ငန်း များကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။
“ဖောင်ဒေးရှင်း+သမဝါယမ+လယ်သမားမိသားစု”ပုံစံဖြင့် အကြီးစားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ကာ အကျိုးအမြတ်ခွဲပေးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းများဖြင့် ဒေသခံ များအတွက် ဝင်ငွေတိုးပွားအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)