ယူနန်ပြည်နယ်၏ အထွေထွေသယ်ယူပို့ဆောင်ရေးတည်ဆောက်ရေး အရှိန်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေ

2020-09-23 15:14:49 |သတင်းအရင်းအမြစ် 云报客户端

ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် တည်ရှိပြီး အရှေ့တောင်အာရှ၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသ၊ တောင်ဥရောပနှင့် အာဖရိကတိုက် စသည့်နိုင်ငံ တကာဒေသများကို မျက်နှာ ပြုသော ရှေ့မျက်နှာစာတွင် တည်ရှိသည်။

စာရင်းများအရ ၁၃ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကစပြီး ယူနန်ပြည်နယ်သည် အထွေထွေသယ်ယူ ပို့ဆောင်ရေးနယ်ပယ်တွင် တရုတ်ငွေယွမ် ၈၃၇.၁၈၆ ဘီလီယံ ရင်းနှီးမြှုပ်နှံ ပြီးစီးခဲ့ပြီး ၁၂ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ၏ ၁.၇၆ ဆ ဖြစ်ပါသည်။ ၎င်းတို့အနက် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင် တရုတ်ငွေယွမ်ဘီလီယံ ၂၀၀ ကျော်လွန်ခဲ့ပြီး တစ်နှစ်လျှင် ၁၆.၇၅% နှင့် ၂၁.၅% တိုးတက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ယူနန်တစ်ပြည်နယ်လုံး၏ အထွေထွေသယ်ယူပို့ဆောင်ရေးလမ်းကြောင်း တည်ဆောက် ခြင်း ရင်းနှီးမြှုပ်နှံမှု ပမာဏသည် တရုတ်ငွေ ဘီလီယံ ၃၀၀ အထက် ကျော်လွန်မည်ဟု ခန့်မှန်းထား သည်။

“The Belt and Road”အဆိုပြုချက် စသည့်အမျိုးသားစီမံကိန်းဆောင်ရွက်နေသည်နှင့်အညီ ယူနန်ပြည်နယ်၏ သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးရေးအလားအလာသည်လည်း ပထဝီအားသာချက်ကြောင့် အခွင့်အလမ်းကောင်းနှင့် ကြုံတွေ့နေပါသည်။

ကိန်းဂဏန်းများအရ၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ၊ ယူနန်တစ်ပြည်နယ်လုံးရှိ ကျေးလက်ဒေသတွင် ကုန်းလမ်းများအတွက် ပုံသေရင်းနှီးမြှုပ်နှံမှုစုစုပေါင်းပမာဏသည် တရုတ်ငွေယွမ် ၁၀၂.၂၉၄ ဘီလီယံ ပြီးစီးခဲ့ပြီး ကျေးလက်ဒေသလမ်း ၁.၁၂၄ သိန်း ကီလိုမီတာကို အသစ်တည်ဆောက်ခြင်းနှင့် ပြင်ဆင်ခဲ့ပါ သည်။ ယူနန်ပြည်နယ် ၁၃ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကာလအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းစီမံ ချက်အရ၊ အစိုးရခွင့်ပြုချက်နှင့်အညီ တည်ဆောက်ထားသည့် ကျေးရွာ ၁၀၀% တွင် ကွန်ကရစ်လမ်း များ တည်ဆောက်ပြီးစီးခဲ့ပြီး ဆင်းရဲနွမ်းပါးတွင်းမှဆွဲခေါ်နိုင်ခဲ့သည့် တောရှိုင်းမှို၊ လက်ဖက် စသည့်ထွက် ကုန်များသည် အရည်အသွေးပြည့်သည့် ကျေးလက်ဒေသလမ်းမှတစ်ဆင့် ပြင်ပဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ခဲ့သည်။(Yunnan Gateway)