တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီပံ့ပိုးမှုစီမံကိန်းဆိုင်ရာ မီးရထားတွဲများ တင်ပို့ခြင်းအခမ်းအနားကျင်းပ

2020-11-17 16:05:11 |သတင်းအရင်းအမြစ် 信网、潇湘晨报

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ CRRC SIFANG CO., LTD. မှ ထုတ်လုပ်သော လူစီးမီးရထားတွဲ ၂၈ တွဲအား တရုတ်နိုင်ငံ ချင်းတောင်မြို့မှ မြန်မာနိုင်ငံသို့ တင်ပို့ရန် ပြင်ဆင်ပြီးစီးခဲ့ပါသည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ CRRC SIFANG CO., LTD. တို့မှ သက်ဆိုင်ရာ အရာရှိများနှင့် တာဝန်ခံအသီးသီးတို့သည် အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ မီးရထားတွဲ ကူညီပံ့ပိုးမှုစီမံကိန်းသည် ယခုနှစ် ဇန်နဝါရီလတွင် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်မှ အကြီးအကဲတို့အား အသိသက်သေပြု၍ လက်မှတ်ရေးထိုးခဲ့သည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတစ်ခုဖြစ်သည်။ CRRC SIFANG CO., LTD. သည် မီရထားလမ်းစက်ပိုင်း ဆိုင်ရာ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မှု သက်တမ်း နှစ်ပေါင်း ၁၂၀ ရှိ ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာ့ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်သို့ မီးရထားစက်ခေါင်း ၁၂ ခု၊ လူစီးမီးရထားတွဲနှင့် တွဲဖက်ပစ္စည်း ၇၄ စုံကို ရှေ့ဆင့်နောက်ဆင့် တင်ပို့ပေးခဲ့ကြောင်း သိရသည်။