မြန်မာ့ကော်ပြန့်လိပ်အား တရုတ်-တောင်အာရှကုန်စည်ပြပွဲအွန်လိုင်းပြပွဲတွင် ခင်းကျင်း ပြသမည်

2020-12-10 16:11:40 |သတင်းအရင်းအမြစ် 云桥网

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ပုံမှန် အတိုင်း ကျင်းပမည့် တရုတ်-တောင်အာရှကုန်စည်ပြပွဲအား ဖျက်သိမ်းခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ အွန်လိုင်းပြပွဲအနေဖြင့် အစားထိုးကျင်းပ မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဟန်နီစားသောက်ကုန်လုပ်ငန်းမှ အထွေထွေ မန်နေဂျာ မသန်းသန်းသည် တရုတ်-တောင်အာရှကုန်စည်ပြပွဲအွန်လိုင်းပြပွဲတွင် ပါဝင်ပြသ ရန်အတွက် ခင်းကျင်းပြသမည့်ကုန်စည်များ ဓာတ်ပုံရိုက်ခြင်း၊ အရောင်းမြှင့်တင်ခြင်း အစီအစဉ် ရေးဆွဲခြင်း၊ အွန်လိုင်းညှိနှိုင်းဆွေးနွေးမှုကို လေ့လာခြင်း စသည့် ပြင်ဆင်မှု များဖြင့် အလုပ်များနေခဲ့သည်။

“ကုန်စည်ပြပွဲမတိုင်မီ၊ ခင်းကျင်းပြသချိန်နဲ့ ခင်းကျင်းပြသပြီးချိန်များမှာ အစစအရာရာ ဖြစ်တဲ့အလုပ်ကို အပြည့်အဝကောင်းကောင်းဆောင်ရွက်လိုပါတယ်။ အွန်လိုင်းရှော့ပင်းက အလားအလာကောင်းတစ်ခုဖြစ်ပါတယ်။ ဒီတစ်ခါပြပွဲကတစ်ဆင့် ကုန်အမှာစာရင်း များစွာရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။”ဟု မသန်းသန်းက ပြောဆိုခဲ့ပါသည်။

လက်အားဖြင့်သာ ထုတ်လုပ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော စစ်မှန်သည့် ပစ္စည်းဖြစ် သည်မှာ မသန်းသန်းတို့ကုမ္ပဏီမှ ထုတ်လုပ်သောထုတ်ကုန်များ၏ ထူးခြားချက်ဖြစ် ပါသည်။ သူတို့ကုမ္ပဏီမှ ထုတ်လုပ်သော ဟန်နီကော်ပြန့်လိပ်သည် မြန်မာနိုင်ငံတွင် လူကြိုက်များလှသည်။ ယခုအကြိမ် တရုတ်-တောင်အာရှကုန်စည်ပြပွဲအွန်လိုင်းပြပွဲတွင် ဟန်နီ ကော်ပြန့်လိပ်ကို တရုတ်စားသုံးသူများ၏ နှစ်ခြိုက်မှု ရရှိရန် ကုန်ပစ္စည်းအညွန်းနှင့် ကြေငြာစာသားကို တရုတ်စာဖြင့် ရေးသားထားပါသည်။

“ယူနန်က ကျွန်မတို့အတွက် ကံကောင်းခြင်းတွေ ရှိတဲ့နေရာပါ။ ၂၀၁၁ ခုနှစ်မှာ ကျွန်မတို့ရဲ့ ထုတ်ကုန်က ပထမဦးဆုံးအကြိမ် တရုတ်ဈေးကွက်သို့ ဝင်ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ယူနန်မှာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ရဲ့အကူအညီနဲ့ တရုတ်ဖူကျိုး၊ ချင်တူး၊ ရှန်ဟိုင်း စတဲ့မြို့ကြီးပြကြီးသို့ ရောင်းချခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်က ကူမင်းမှာကျင်းပတဲ့ ၅ ကြိမ် မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီတစ်ကြိမ်ပြပွဲမှာ ကျွန်မ တို့ရဲ့ထုတ်ကုန်ကို တရုတ်စားသုံးသူတွေ သဘောကျကြတယ်။ အဲဒီပလက်ဖောင်း ကတစ်ဆင့် ကျွန်မတို့က ထုတ်လုပ်ရေးလုပ်ငန်းက ကူးသန်းရောင်းဝယ်ရေးဖက်ကို ပြောင်းခဲ့တယ်။ ဒါကြောင့် ၁၂ ရက်နေ့မှာ ကျင်းပမယ့် တရုတ်-တောင်အာရှကုန်စည် ပြပွဲအွန်လိုင်းပြပွဲမှာ ပါဝင်ဖို့ ကျွန်မတို့က မျှော်လင့်နေပါတယ်။”မသန်းသန်းက ယခုလို ပြောခဲ့ပါသည်။