ကျောင်းထွန်း၊ တာ့စမ်းပေါင်းနှင့် လည်ပင်းအနက်ရောင်ရိန်းတို့၏ ဆီးနှင်းကမ္ဘာတွင် ဆုံစည်းသည့် အံ့ဖွယ်ကံကြမ္မာ
နှစ်စဉ် ဆောင်းရာသီတွင် လည်ပင်းအနက်ရောင်ရိန်းတို့သည် ယူနန်ပြည်နယ် ကျောင်းထွန်း၊ တာ့စမ်းပေါင်းနှင့် လည်ပင်းအနက်ရောင်ရိန်း နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်ရေးဇုန်သို့ ပျံသန်းရောက်ရှိလာပြီး မြင်ကွင်းမှာအင်မတန် ခန့်ညားလှပါသည်။ ဆီးနှင်းကျပြီးနောက် တာ့စမ်းပေါင်းရှိကုန်းပြင်မြင့် မြက်ခင်းသည် ငွေရောင်ဖုံးလွှမ်းသောဆီးနှင်းကမ္ဘာကဲ့သို့ ဖြစ်လာပါသည်။ ဆီးနှင်းကမ္ဘာတွင် ပျံဝဲနေသောလည်ပင်းအနက်ရောင်ရိန်းများ၏ ဟန်ပန်အမူအရာမှာ ကြော့ရှင်းသိပ်မွေ့ပြီး အံ့ဩဖွယ်ကောင်းလှသော တရုတ်ရိုးရာပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေပါသည်။