ယူနန်အရသာ

2020-04-26 17:35:45 |သတင်းအရင်းအမြစ် 新华网

ယူနန်ပြည်နယ်တွင် အရသာအလွန်ကောင်းမွန်ပြီး နှစ်ပေါင်း ၁၀၀၀ ကျော် ထုတ်လုပ်ရေးသမိုင်းကြောင်း ရှိသည့် အထူးထွက်ကုန်တစ်မျိုးရှိသည်။ ထိုထုတ်ကုန်ကို ယူနန်ပြည်နယ် ရွှမ်းဝေးမြို့တွင် ထုတ်လုပ်ခြင်းကြောင့် ရွှမ်းဝေးဝက်ပေါင်ခြောက်ဟု အမည်ပေးထားသည်။ ရွှမ်းဝေးဝက်ပေါင်ခြောက်သည် ဝက်ပေါင်ကို ဆားသိပ်ထားခြင်းဖြစ်ပြီး ယူနန်ပြည်နယ်သူပြည်နယ်သားများ၏ အကြိုက်ဆုံးဟင်းလျာထဲက တစ်မျိုး ဖြစ်သည့်အပြင် ယူနန်ပြည်နယ်သူပြည်နယ်သားများ၏ ဇာတိအရသာတစ်မျိုး ဖြစ်ပါသည်။

လတ်တလောနှစ်ပိုင်းတွင် ရွှမ်းဝေးမြို့သည် စားကောင်းသောက်ဖွယ်လှုပ်ရှားမှု၊ ကုန်သွယ်ညှိနှိုင်းပွဲ၊ ယဉ်ကျေးမှုခရီးသွားလာရေးလှုပ်ရှားမှု စသည်တို့တို ကျင်းပခြင်းအားဖြင့် ဝက်ပေါင်ခြောက်လုပ်ငန်းကို အထောက်အကူပြုစေပြီး လူအများအား ယူနန်ဝက်ပေါင်ခြောက်ကို သိရှိလာကာ ယူနန်ဝက်ပေါင်ခြောက်ကို နှစ်သက်လာစေပါသည်။

သတင်းအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန