ယူနန် ဖူမင်တွင် ချယ်ရီသီး လှိုင်လှိုင်ပေါ်ပြီး လယ်သမားများဝင်ငွေတိုး

2020-04-29 16:56:24 |သတင်းအရင်းအမြစ် ဆင်ဟွာသတင်းဌာန

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူမင်ခရိုင် ချိကျုပ်မြို့နယ်သည် အထူးစိုက်ပျိုးရေးကို အင်တိုက်အားတိုက် ဖွံ့ဖြိုးစေပြီး တစ်မြို့နယ်လုံးတွင် ချယ်ရီပင် တရုတ်ဧက ၄၀၀၀ (၂၆၆.၆ ဟက်တာ) ကျော် စိုက်ပျိုးထားပါသည်။ ချိကျုပ်မြို့နယ်ထွက် ချယ်ရီသီးသည် အခြားသောနေရာနှင့် ဒေသသို့ ရောင်းချသည့်အပြင် ခရီးသည်များစွာသည် ချယ်ရီဥယျာဉ်သို့ လာရောက်ကာ ကိုယ်တိုင်ခူးဆွတ်ကြရာ လယ်သမားများအတွက် ဝင်ငွေတိုးလျက်ရှိပါသည်။

သတင်းထောက် ။ ။ ရန်ဇွန်ယုပ် (ဆင်ဟွာသတင်းဌာန)