ယူနန်ဖုယွမ် ။ ။ ရီတိုင်းရင်းသားကျေးရွာတွင် လူများနှင့် Little Egret (ဗျိုင်း) များ သဟဇာတရှိစွာ နေထိုင်ကြ

2020-07-02 16:14:47 |သတင်းအရင်းအမြစ် ဆင်ဟွာသတင်းဌာန

အုပ်စုလိုက်ရှိသော Little Egret ဗျိုင်းများသည် ယူနန်ပြည်နယ် ချူကျင့်မြို့ ဖူဇွန်းကျေးရွာတွင် အသိုက်ဖွဲ့နေထိုင်ကြပြီး ရေထဲစားကျက်တွင် အစာရှာနေကြသည်မှာ တမူထူးခြားသည့် စိတ်ခံစားမှုနဲ့အတူ ရှင်သန်နေသည့်အလှကို ပေးစွမ်းပါသည်။

ဖူဇွန်းကျေးရွာသည် ရိုးရာ ရီတိုင်းရင်းသားကျေးရွာတစ်ရွာ ဖြစ်ပါသည်။ ယောက်ကျား၊ မိန်းမ အသက်အရွယ်မရွေး ဆိုတတ်ကတတ်ကြပြီး လူနှင့် သဘာဝသည် သဟဇာတဖြစ်စွာ နေထိုင်လျက်ရှိကြသည်။ အဆိုပါကျေးရွာသည် ခရီးသည်များစွာကို ဆူညံလှသော မြို့ကြီးဆီမှ တိတ်ဆိတ်အေးချမ်းသော ကျေးရွာသို့ လာရောက်လည်ပတ် အပန်းဖြေရန် ဆွဲဆောင်နေပါသည်။

သတင်းထောက် ။ ။ ကျင့်ချင်ပင်း၊ ရန်ချွန်ဖွန့် (ဆင်ဟွာသတင်းဌာန)