တရုတ်-မြန်မာ သံတမန် ဆက်ဆံမှု ထားရှိသည့် နှစ် ၇၀ ပြည့်မြောက်နှစ် လှုပ်ရှားပွဲများနှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့် ခရီးသွားနှစ် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ဥက္ကဋ္ဌ ရှီကျင့်ဖိန် တက်ရောက်

2020-01-18 14:50:21 |သတင်းအရင်းအမြစ် CRI

ဒေသစံတော်ချိန် ယခုလ ၁၇ ရက်နေ့ညက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နေပြည်တော် ဒုတိယ နိုင်ငံတကာ အစည်းအဝေး စင်တာ၌ ကျင်းပသည့် တရုတ်-မြန်မာ သံတမန် ဆက်ဆံမှု ထားရှိသည့် နှစ် ၇၀ ပြည့်မြောက်နှစ် လှုပ်ရှားပွဲများနှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့် ခရီးသွားနှစ် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စသည့် မြန်မာ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်မှ အဆင့်မြင့် အရာရှိများသည်လည်း တက်ရောက်ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရသည်။

အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ဦးဝင်းမြင့်က မြန်မာနှင့် တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် ရင်းနှီးနွေးထွေးသော ကူးလူးဆက်ဆံမှု ထားရှိကြောင်း၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၇၀ ပြည့်မြောက်သည့် အခါသမယတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးလှည့်လည်ခြင်းသည် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ ပြည်သူများ အကြားရှိ နက်ရှိုင်းသော ချစ်ကြည်ရေးကို ဖော်ပြနေကြောင်း၊ ၂၀၂၀ ပြည့်နှစ်သည် မြန်မာ-တရုတ် ဆက်ဆံမှု သမိုင်းကြောင်းတွင် အရေးကြီးသည့် ခရီးမှတ်တိုင်သစ် တစ်ခု ဖြစ်မည် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ အနေနှင့် မြန်မာ-တရုတ် နယ်ပယ် အသီးသီးမှ မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန် ဆက်လက် အားထုတ်ကြိုးပမ်း မည် ဖြစ်ကြောင်း ပြောကြားသည်။

မိန့်ခွန်းပြောကြားရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်နှင့် မြန်မာနှစ်နိုင်ငံသည် ပထဝီအနေ အထားအရ ဆက်စပ်နေပြီး ဆွေမျိုးတော်စပ်ကာ ယဉ်ကျေးမှုလည်း နီးစပ်ကြောင်း၊ နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် နှစ်ဖက် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားပေးမှုနှင့် အရင်းအမြစ် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် သံတမန် ဆက်ဆံမှု ထားရှိသည့် နှစ် ၇၀ ပြည့်နှစ် အထိမ်းအမှတ် လှုပ်ရှားမှုများကို ကောင်းမွန်စွာ ပြုလုပ်ပြီး လူမှုယဉ်ကျေးမှု ဆိုင်ရာ အပြန်အလှန် နည်းယူလေ့လာရေးကို တိုးပွားစေကာ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို နွေးထွေးစေ၍ နှစ်နိုင်ငံ ပြည်သူများ အတွက် ကောင်းမွန်သော၊ လက်တွေ့ကျသော ကိစ္စများကို ဆောင်ရွက်သင့်ကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အတွက် ပိုမိုများပြားသော ပါဝင်ဆောင်ရွက်သူ၊ အကျိုးခံစားရရှိသူနှင့် အားပေးထောက်ခံသူများ ရှိစေရန် ကြိုးပမ်းဆောင်ရွက်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် လူမှုရေး ဆိုင်ရာ အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ခေတ်ကာလသစ်တွင် နှစ်နိုင်ငံ ဆက်ဆံမှုကို တွန်းအားပေးရေး အတွက် အတိတ်က အစဉ်အလာကောင်းကို ဆက်ခံ၍ ဆန်းသစ်တီထွင်မှုကို ပြုလုပ်ရန် လိုအပ်ကြောင်း၊ မိမိနှင့် သမ္မတ ဦးဝင်းမြင့်တို့သည် အေးအတူ ပူအမျှ တရုတ်-မြန်မာ ကံကြမ္မာ အသိုက်အဝန်း အတူ တည်ဆောက်ရန် တစ်ညီတစ်ညွတ်တည်း သဘောတူကြကြောင်း၊ တရုတ်နှင့် မြန်မာတို့ အတူ ကမကထပြုကြသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး၅ချက်သည် နိုင်ငံတကာ ဆက်ဆံရေးတွင် အရေးကြီးသည့် တီထွင်ကြံဆဆောင်ရွက်ချက် တစ်ခုဖြစ်ကြောင်း၊ တရုတ်ပြည် အနေနှင့် မြန်မာနှင့် အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို ပြန့်ပွားစေရန်နှင့် လက်တွေ့ဖော်ဆောင်ရန် အတွက်ရော၊ နိုင်ငံချင်း ပေါင်းသင်းဆက်ဆံရေး အတွက်ပါ စံပြအဖြစ် တွဲထူပြီး နိုင်ငံတကာ မိသားစုကြီးအား လူသားကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်ရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006