ကိုဗစ်-၁၉ Covid-19 ရောဂါဖြစ်ပွားပြီးနောက် ယူနန်ပြည်နယ်သူပြည်နယ်သားများသည် ဟူပေဆွေမျိုးများကို စိုးရိမ်ပူပန်မှုများရှိပြီး ထောက်ပံ့ရေးပစ္စည်းအမျိုးမျိုးကို ပို့ဆောင်ပေးပါသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြန်မာဖရဲသီး တန်ချိန် ၂၇၀ ကို ကုန်တင်ယာဉ် ၉ စီးဖြင့် ရွှေလီမြို့မှ ဟူပေပြည်နယ် ရှန်နင်မြို့၊ ကျင်းကျိုးမြို့သို့ ပို့ဆောင်ပါသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အားလူး၊ ခရမ်းချဉ်သီး၊ ပဲစိမ်း၊ လိမ္မော်သီးများ အပြည့်တင်ထားသော ကုန်တင်ကားသည် လိကျန်းမြို့မှ ထွက်ခွာပြီး ဟူပေပြည်နယ် ဝူဟန့်မြို့သို့ ပို့ဆောင်ပါသည်။ ယခုတစ်ကြိမ်တွင် လိကျန်းမြို့သည် နေထိုင်စားသောက်မှုပစ္စည်း တန်ချိန် ၃၂၅ တန်ကို စုစည်းပြီး ဝူဟန့်ကို ပေးပို့ထောက်ပံ့ရာ လတ်ဆတ်သော ဝက်သား ၁၀ တန်၊ အာလူး ၁၁၅ တန်၊ လိမ္မော်သီး ၁၀၀ တန်၊ ပဲစိမ်း ၉၀ တန်၊ ခရမ်းချဉ်သီး ၁၀ တန် ပါရှိကြောင်း စာရင်းအရ သိရပါသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စုစုပေါင်းပစ္စည်းတန်ချိန် ၁၇၆.၅ တန်ရှိ ကြက်ဥ၊ နွားနို့၊ ဟင်းသီးဟင်းရွက်၊ ရေသန့်များကို တင်ဆောင်ထားသော ကုန်တင်ယာဉ် ၇ စီးသည် ဟူပေပြည်နယ်သို့ ပို့ဆောင်ပါသည်။